Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ကို တစ်ဦးတည်းခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်၏နာရေး ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်

ယမန်နေ့ (စက်တင်ဘာ ၆ ရက်)တွင် အာဇာနည်သူရဲကောင်း ရဲဘော်သန့်ဇင်ဦး၏ ဈာပနအခမ်းအနားအား ပြုလုပ်ခဲ့ပြီး Myaung PDF Cdsom နှင့် မဟာမိတ်များ၊ ပြည်သူများက တက်ရောက်ကာ အလေးပြုခဲ့ကြသည်။

ရဲဘော်သန့်ဇင်ဦး၏ စျာပနာအား တွေ့ရစဥ်၊ ဓာတ်ပုံ-CDSOM
ရဲဘော်သန့်ဇင်ဦး၏ စျာပနာအား တွေ့ရစဥ်၊ ဓာတ်ပုံ-CDSOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တစ်ဦးတည်းခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် မြောင် CDSOM အဖွဲ့မှ ရဲဘော်သန့်ဇင်ဦး၏ စျာပနာအား PDFရဲဘော်များနှင့် ဒေသခံပြည်သူအများအပြားက လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၀မိနစ်ခန့်က မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM ၏ အနောက်ပိုင်း ၀၀၆ အဖွဲ့မှ ရဲဘော်သန့်ဇင်ဦး အပါအဝင် ရဲဘော်နှစ်ဦးသည် မြစ်သာကျေးရွာသို့ ၀င်ရောက်ကင်းထောက် သွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် ကင်းပုန်းနှင့် တွေ့သဖြင့် ပြန်လည်ခုခံခဲ့သည်။

ထိုအချိန်တွင် ရဲဘော် သန့်ဇင်ဦးနှင့်အတူ ပါလာသော ရဲဘော်တစ်ဦး၏ ဘယ်ဘက်လက်မောင်းကို ကျည်ထိမှန်ခဲ့သဖြင့် အဆိုပါ ရဲဘော်ကိုနောက်ဆုတ်ခိုင်းပြီး ရဲဘော်သန့်ဇင်ဦးက ကျည်တစ် ရာပါဝင်သော ကျည်ဘောက်သုံးခုဖြင့် ပြန်လည် ကာပစ်ပေးခဲ့သည်။ သို့သော် ရဲဘော် သန့်ဇင်ဦး၏ ပေါင်ကို ကျည်ထိမှန်ခဲ့ပြီး ပြေးမထွက်လာနိုင်ချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် ၎င်းရဲဘော်မှာ ကျဆုံးသွားခဲ့သည်ဟု CDSOM အဖွဲ့က ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၆ ရက်)တွင် အာဇာနည်သူရဲကောင်း ရဲဘော်သန့်ဇင်ဦး၏ ဈာပနအခမ်းအနားအား ပြုလုပ်ခဲ့ပြီး Myaung PDF Cdsom နှင့် မဟာမိတ်များ၊ ပြည်သူများက တက်ရောက်ကာ အလေးပြုခဲ့ကြသည်။

မပြီးဆုံးသေးသည့် နွေဦးတော်လှန်ရေးခရီးလမ်းအား အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု CDSOM အဖွဲ့က ကတိပြုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

သတင်း

ကျားသစ်နက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းကဆိုပါတယ်။

သတင်း

အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် အိုနီဒီးဒူ အပါအဝင် ပျူနှစ်ဦးသေပြီး ပူပေါင်းအဖွဲ့မှ ရဲဘော်တစ်ဥိး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ နံနက် ၇ နာရီအချိန်တွင် တိုက်ပွဲရပ်နားခဲ့သည်ဟု ဆိုသည်။

သတင်း

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။