Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့တွင် မိုးသည်းထန်နေ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ရှေ့တန်းစခန်းများတွင် နေထိုင်စရာ အခက်ကြုံတွေ့နေ

လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့်မြေပြိုမှုဘေးကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

The Youth Force-Saw & Kyaukhtu ၏ရှေ့တန်းစခန်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Youth Force-Saw & Kyaukhtu
The Youth Force-Saw & Kyaukhtu ၏ရှေ့တန်းစခန်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Youth Force-Saw & Kyaukhtu

ယောဒေသ၊ ဆောမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ရှေ့တန်းစခန်းများတွင် နေထိုင်စရာအခက်အခဲ ကြုံတွေ့နေရသည်။

“စခန်း(၃)က ရဲဘော်လေးတွေလည်း နေထိုင်ရတာ သိပ်အဆင်မပြေကြဘူး။ ကျွန်တော်တို့အဖွဲ့တွေထက် နေထိုင်ရခက်ခဲတဲ့သူတွေလည်း ရှိကြဦးမှာပါ။ဖြစ်နိုင်ရင်​တော့ မိုးကာဖြစ်ဖြစ်၊ မိုးကာ အင်္ကျီဖြစ်ဖြစ်ရချင်တာ”ဟု ယောဒေသအခြေစိုက် The Youth Force – Saw & Kyaukhtu ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယောဒေသအပါအဝင် အထက်ပိုင်းဒေသမျာတွင် စက်တင်ဘာ ၅ရက်မှစ၍ မိုးအားကောင်းနေခြင်းဖြစ်သည်။ လတ်တလောတွင် မိုးဆက်လက်အားကောင်းနေ၍ နေရာထိုင်ခင်းအတွက် အခက်အခဲကြီးမားစွာ ကြုံတွေ့နေရသည်ဟု The Youth Force – Saw & Kyaukhtu ဆိုသည်။

The Youth Force – Saw & Kyaukhtu သည် အမျိုးသားညီညီရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံတပ်ရင်းဖြစ်ရေး လျှောက်ထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။ The Youth Force – Saw & Kyaukhtu အား ဆက်သွယ်လှုုဒါန်းလိုပါက အဖွဲ့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/TheYouthForce2022 သို့ ဆက်သွယ်နိုင်ပါသည်။

လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့်မြေပြိုမှုဘေးကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်ပေါ် လာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း၊ဒေသအများစု၌မိုးများနိုင်၍ မြေပြိုမှုဘေးနှင့်ရေဘေးသတိပြုကြရန် သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့မှစကာ ဦးကျော်မိုးထွန်းကို တရားဝင်လက်ခံကြောင်း ဆုံးဖြတ်မည့် ကာလအထိ ၂ လခွဲ ၃ လခန့်အထိ လူထုအသံများကို ဖော်ထုတ်ရန်လိုအပ်ကြောင်း ကိုတေဇာဆန်းက ထပ်မံ ပြောကြားသည်။

သတင်း

ပြည်သူလူထုအနေဖြင့် ည ၈ နာရီမှ နံနက် ၅နာရီ အတွင်း မြို့တွင်းသို့ ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ရန်လည်း အသိပေးထားသည်။

သတင်း

"တိုက်ပွဲမဖြစ်ချိန်မှာ ဒေသဖွဲ့ဖြိုးရေးကို ကျွန်တော်တို့ လုပ်နေကြတာ။ ဒီလိုပဲ အလျဥ်းသင့်သလို အမြဲလုပ်နေမှာပါ"ဟု The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများ အနေဖြင့် အဆိုပါ ခိုးမှု ၊ ဖောက်ထွင်းမှုများအား ဆက်လက်မကျူးလွန်ကြရန် နှင့် ပြည်သူများမှလည်း ပြစ်မှု ကျူးလွန်သူများအား တွေ့ရှိပါက မှတ်တမ်းမှတ်ရာများကိုကူညီယူပေးပြီး ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သို့ ဖြစ်စေ၊ နီးစပ်ရာ ကာကွယ်ရေး၊လုံခြုံရေး အဖွဲ့များသို့ ဖြစ်စေ အကြောင်းကြားပေးရန် ဆော(ပအဖက)ထုတ်ပြန်ကြေညာခဲ့သည်။