Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထင်းခုတ်လာသည့် စစ်ကောင်စီတပ်သားကို တိုက်ခိုက်ရာ သုံးဦးသေဟု KNDF ပြော

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေ စိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့အထိ နာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထင်းခုတ်လာသည့် စစ်ကောင်စီတပ်သားကို တိုက်ခိုက်ရာ သုံးဦးသေဟု KNDF ပြော
ထင်းခုတ်လာသည့် စစ်ကောင်စီတပ်သားကို တိုက်ခိုက်ရာ သုံးဦးသေဟု KNDF ပြော

ဝါးဆင်းခုတ်သည့် စစ်ကောင်စီတပ်သားများအား အလစ်အငိုက်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး MA-3 အမျိုးအစား သေနတ် (၁)လက်နှင့် ကျည်အချို့အားသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာလ ၇ ရက်) နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် ဘောလခဲမြို့ နှင့် ရွာသစ်မြို့အကြား လမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ (၁၂)မိုင်ကုန်းစခန်းအနီးတွင် KNDF B – 21နှင့် ကရင်နီတပ်မတော်(KA)တို့ပူးပေါင်း၍ တိုက်ခိုက် ခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ (၁၂)မိုင်ကုန်းစခန်းအနီးရှိ (၁၁)မိုင်ကုန်းဖက်သို့ အရပ်ဝတ်များဖြင့် ဝါးခုတ်ရန် ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးကို အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ သုံးဦးသေဆုံးကာ နှစ်ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင် လာသည့် MA-3 အမျိုးအစား သေနတ် (၁)လက်နှင့် ကျည်အချို့အား သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေ စိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့အထိ နာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုးတောင်ဘို့တ်ိုက်နယ် ဇီးကနားနှင့်နှောကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၇ရက်) ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

သတင်း

ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၁ နာရီ ၄၅မိနစ်ခန့်တွင် ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်ရင်းမှ အတွဲလိုက်ဒုန်းခြောက်လုံးခန့်ကို ပစ် ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ကို ပူတင်က ဒီနေ့ မှာ လက်ခံတွေ့ဆုံခဲ့တာပါ။