Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ စာသင်ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်

ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၁ နာရီ ၄၅မိနစ်ခန့်တွင် ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်ရင်းမှ အတွဲလိုက်ဒုန်းခြောက်လုံးခန့်ကို ပစ် ခတ်ခဲ့ခြင်းဟု ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်၏ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတွင်ပျက်စီးခဲ့ရသည့် အဆောက် အဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ DMO Local PDF)
(အကြမ်းဖက်စစ်ကောင်စီတပ်၏ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတွင်ပျက်စီးခဲ့ရသည့် အဆောက် အဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ DMO Local PDF)

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက အတွဲလိုက်ဒုန်းများဖြင့်ပစ်ခတ်ရာ စာသင်ကျောင်းဝန်းရှိ ဝန်ထမ်းအိမ်ယာ ထိမှန်ပျက်စီးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၁ နာရီ ၄၅မိနစ်ခန့်တွင် ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်ရင်းမှ အတွဲလိုက်ဒုန်းခြောက်လုံးခန့်ကို ပစ် ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုမှာ မည်သည့်တိုက်ပွဲမျှ မရှိခဲ့ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ဘေးရှောင်ပြည်သူများရှိရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“နန်းမယ်ခုံဘက်ကို ပစ်တာ။လက်နက်ကြီးသံ တွေက ရှင်းရှင်းလင်းလင်း ကို ကြားခဲ့ရတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီကလည်း စစ်ဘေးရှောင်ပြည် သူများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု အသိပေးသည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်ပြည်သူများနှင့် စစ် ဘေးရှောင်ဒေသခံများသည် စာသင်ကျောင်း များ နှင့် မိမိနေထိုင်ရာ ဝန်းကျင်တွင် ဗုံးခိုကျင်များတူးထားရန်၊ လက်နက်ကြီးသံနှင့် တိုက်လေယာဥ်သံများကြားပါက ဗုံးခိုကျင်းရှိရာသို့ ချက်ချင်း နေရာယူကြရန် PDFက တိုက်တွန်းသည်။

ထို့အတူ စစ်မြေပြင်နှင့် နီးစပ်သော ကျေးရွာများ ရှိပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင် စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်း အ​မြောက်အများရှိနေခြင်းကြောင့် နေရပ်သို့ ပြန်လာခြင်းရှောင်ကြဥ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုးတောင်ဘို့တ်ိုက်နယ် ဇီးကနားနှင့်နှောကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၇ရက်) ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

သတင်း

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေ စိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့အထိ နာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ကို ပူတင်က ဒီနေ့ မှာ လက်ခံတွေ့ဆုံခဲ့တာပါ။