Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတကော်နယ်မှပျူခေါင်းဆောင်ဆိုသူကိုနန်းထိုက်​အောင်စစ်ဆင်​ရေးဖြင့် ပစ်ခတ်ရှင်းလင်း

ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်းတကော်နယ်
အင်းတကော်နယ်

နန်းထိုက်အောင်စစ်ဆင်ရေး အဖွင့်အနေဖြင့် ပဲခူးမြို့နယ် အင်းတကော်မှ စစ်ကောင်စီခန့် ကာကွယ်ရေးခေါင်း ဆောင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း အင်းတကော်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။

စက်တင်ဘာ ၆ ရက်နေ့ည ၉ နာရီကျော်က အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ စစ်ကောင် စီခန့်ရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဟုဆိုသူ ‌ဦးကျော်ဆင့်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ကင်းပိုင်ကျုံကျေးရွာနေ ဦးကျော်ဆင့်ဆိုသူသည် မိမိကိုယ်ကို ရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဟုကြွေးကြော်လျက် ရွာသားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊စခ ရခ များအားကျေးရွာအတွင်းခေါ်၍ မျက်နှာလို မျက် နှာရလုပ်ကာ ရွာသားများအား ဒုက္ခပေါင်းစုံပေးခြင်းတို့ကြောင့် တစ်ရွာလုံး၏ ချဉ်ဖတ်အဖြစ်စုံစမ်းသိရှိရပါ သည်”ဟု IPDF က ဆိုသည်။

ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

IPDF အနေဖြင့် နယ်မြေအတွင်းရှိ ပြည်သူများအားဒုက္ခပေးမည့်၊ ဒုက္ခပေးနေသည့် မည်သူ့ကိုမဆို ရှင်းလင်း ၍ ပြည်သူကိုအမှန်တကယ် အကာကွယ်ပြုပေးနိုင်ရန် ဖွဲ့စည်းထားသည့်အဖွဲ့စည်းဖြစ်ပြီး ယခုပြုလုပ်သော စစ်ရေးတိုက်ခိုက်မှုသည် ပဲခူးမြို့နယ်စီမံချက် နန်းထိုက်အောင်စစ်ဆင်ရေး၏ အဖွင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ကို ပူတင်က ဒီနေ့ မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

သတင်း

အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် အိုနီဒီးဒူ အပါအဝင် ပျူနှစ်ဦးသေပြီး ပူပေါင်းအဖွဲ့မှ ရဲဘော်တစ်ဥိး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ နံနက် ၇ နာရီအချိန်တွင် တိုက်ပွဲရပ်နားခဲ့သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့နေ့လယ် ၂ နာရီဝန်းကျင်က ချောင်းဆုံ (တောင်)ရွာမှ ပျူစောထီးခေါင်းဆောင် စိန်ချိုဆိုသူ၏ နေအိမ်အား ဒရုန်းဖြင့် မီးလောင်ဗုံးနှစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။