Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး – တမူး အာရှကားလမ်းမကြီးတွင် ယာဥ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြားများ PDF ဖမ်းမိ

တမူး – ကလေးအာရှလမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဥ် စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် ယာဥ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)
ဓာတ်ပုံ - တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)

ကလေး – တမူး အာရှကားလမ်းမကြီးတွင် ယာဥ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ပြီး စစ်ကောင်စီထုတ်ကုန်များအပါအဝင် မှောင်ခိုပစ္စည်းသယ်ဆောင်ရောင်းဝယ်မှုများကို ဆက်လက်ဖမ်းဆီးသွားမည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က ထုတ်ပြန်သည်။

တမူးပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ရက်ကတမူး – ကလေးအာရှလမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဥ် စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် ယာဥ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ပီနံအိတ်ဖြူ ငါးလုံးဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့သည်ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)၊သတင်း ပြန်ကြာရေး ဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကျောထောက်နောက်ခံ စီးပွားရေးများ ဖြစ်ကြသည့် Boycott စာရင်းတွင် ပါဝင်သော တားမြစ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၊ ရွှေမှောင်ခိုလုပ်ငန်းများ၊ တရားမဝင်ငွေမည်းမှောင်ခိုလုပ်ငန်းများ၊ သစ်မှောင်ခိုလုပ်ငန်းများ ကူးသန်းရောင်းဝယ်မှု မရှိစေရန် မော်တော်ယာဉ်များအား တားစီးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု အသိပေး ထားသည်။

“ကလေးတွေ( ပြည်သူ့ကာကွယ်ရေးရဲဘော်များ) က မြို့ထဲကလွဲလို့ ကျန်တဲ့နေရာတွေ စိုးမိုးထားတယ်။ အခုလို ဖမ်းဆီးပေးတာ သိပ်ကောင်းတယ်။မူးယစ်ဆေးက စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားတာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးမှုမရသေးသည့် တမူးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ပျူစောထီးများက နေရာယူထားသည်။ ထို့အပြင် မြို့ထဲရပ်ကွက်များတွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်နေသည်။ ပျူစောထီးအဖွဲ့ဝင်အချို့ပါဝင်သည့် ဓားပြအဖွဲ့ကို စက်တင်ဘာ ၅ရက်တွင် ဒေသခံများက ဖမ်းမိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

သတင်း

ယမန်နေ့ကလည်း ရွှေကူ​မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများနိုင်ကြောင်း မြို့လှ K-PDFက ထုတ်ပြန်ထားသည်။

သတင်း

ထို့အပြင် ဆက်ကြေးမ​ပေး​ဆောင်​သည့်အိမ်ကို သစ္စာ​ဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ ​နေအိမ်​များကို ဝင်​ရောက်ဖျက်ဆီးကာ ပစ္စည်း​များယူ​​ဆောင်ကြောင်း သိရသည်။