Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကြောင့် ငွေကြေးဆိုင်ရာမသမာတဲ့နာမည်ပျက် နိုင်ငံတွေ စာရင်းထဲ ပါလာနိုင်တဲ့ မြန်မာ

နိုင်ငံတကာ အစိုးရတွေ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ FATFရဲ့ အမှုဆောင်တွေဟာ နောက်လကျရင် ပဲရစ်မြို့တော်မှာ ကျင်းပမယ့် အစည်းအဝေးအတွင်း အခု ဆုံးဖြတ်ချက်ကို အတည်ပြုကြဖွယ် ရှိနေတယ်လို့ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း နိုင်ငံတချို့ရဲ့ အစိုးရ အရာရှိ ၄ ယောက်က မှတ်ချက် ပေးခဲ့ပါတယ်။

Financial Action Task Force (FATF)
Financial Action Task Force (FATF)

▪︎FATFရဲ့ နာမည်ပျက် စာရင်းသွင်း ခံထားရတဲ့ နိုင်ငံဆိုလို့ လောလောဆယ်မှာ မြောက်ကိုရီးယားနဲ့ အီရန် ၂ နိုင်ငံပဲ ရှိပါသေးတယ်။

စစ်ကောင်စီ လက်အောက်မှာ မြန်မာနိုင်ငံ အနေနဲ့ ငွေကြေး မသမာမှု နာမည်ပျက် စာရင်းထဲ ထည့်သွင်းခံရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပြင်သစ် အခြေစိုက် နိုင်ငံတကာ ငွေကြေး စောင့်ကြည့် အဖွဲ့တစ်ခုဖြစ်တဲ့ Financial Action Task Force (FATF)က မြန်မာနိုင်ငံမှာ ငွေကြေး ခဝါချမှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေအတွက် ငွေကြေး ထောက်ပံ့မှုတွေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလို နာမည်ပျက် စာရင်းသွင်းဖို့ လုပ်ဆောင်နေတာဖြစ်ကြောင်း သိရပါတယ်။ ဒီကိစ္စဟာ စီးပွားရေးအရ စစ်ကောင်စီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာ အစိုးရတွေ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ FATFရဲ့ အမှုဆောင်တွေဟာ နောက်လကျရင် ပဲရစ်မြို့တော်မှာ ကျင်းပမယ့် အစည်းအဝေးအတွင်း အခု ဆုံးဖြတ်ချက်ကို အတည်ပြုကြဖွယ် ရှိနေတယ်လို့ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း နိုင်ငံတချို့ရဲ့ အစိုးရ အရာရှိ ၄ ယောက်က မှတ်ချက် ပေးခဲ့ပါတယ်။

စစ်​ကောင်စီရဲ့ဗဟိုဘဏ်ဥက္ကဌ
စစ်​ကောင်စီရဲ့ဗဟိုဘဏ်ဥက္ကဌ

ငွေကြေး ခဝါချမှုတွေ၊ မသမာမှုတွေ၊ အကြမ်းဖက်မှုနဲ့ အလားတူ ခြိမ်းခြောက်မှုတွေအပေါ် ငွေကြေး ထောက်ပံ့တာတွေကို နိုင်ငံတကာချိတ်ဆက်ငွေကြေးစနစ်ကနေကန့်သတ်ဖယ်ရှား တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ FATFကို စီးပွားရေး အင်အားကြီး ၇ နိုင်ငံ စုပေါင်းပြီး ၁၉၈၉ မှာ ထူထောင်ခဲ့ပါတယ်။ FATFရဲ့ နာမည်ပျက် စာရင်းသွင်း ခံထားရတဲ့ နိုင်ငံဆိုလို့ လောလောဆယ်မှာ မြောက်ကိုရီးယားနဲ့ အီရန် ၂ နိုင်ငံပဲ ရှိပါသေးတယ်။

စစ်ကောင်စီဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ကြီးကြီးမားမား ကြုံနေရပြီး FATFရဲ့ နာမည်ပျက် စာရင်းသွင်းမှုသာ အထမြောက်လာရင် ပိုပြီး ကျပ်တည်းလာဦးမှာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို လုံးစေ့ပတ်စေ့ စောင့်ကြည့် လေ့လာနေတဲ့ FATFရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စိစစ်ရေး အဖွဲ့ခွဲကမြန်မာနိုင်ငံကအခြေအနေတွေဟာကျေနပ်စရာတိုးတက်မှု မရှိဘူးလို့ ယူဆတဲ့အတွက် နာမည်ပျက် စာရင်းသွင်းဖို့ အောက်တိုဘာလ အစည်းအဝေးမှာ ထောက်ခံသွားဖွယ် ရှိတယ်လို့ FATFနဲ့ နီးစပ်တဲ့ အာရှနိုင်ငံ တစ်ခုရဲ့ သံအရာရှိ တစ်ယောက်က ပြောပါတယ်။

အာဆီယံ အဖွဲ့အပေါ် မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ မခန့်လေးစား တုံ့ပြန်ခဲ့ပုံတွေကြောင့်လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိ FATFရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စင်ကာပူက အခုဆုံးဖြတ်ချက်အပေါ် ကြားဝင် ဟန့်တားမှာ မဟုတ်လောက်ဘူးလို့ အဲဒီ သံအရာရှိက မှတ်ချက် ပေးပါတယ်။

လေ့လာသူတွေကတော့ FATFရဲ့ နာမည်ပျက် စာရင်းသွင်းတာခံလိုက်ရရင် မြန်မာစစ်တပ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နိုင်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား ငွေတွေကလည်း ပြည်ပကို တရိပ်ရိပ် စီးထွက်နေပါတယ်။ နာမည်ပျက် စာရင်းမှာ ပါဝင်သွားပြီ ဆိုရင်တော့ စစ်ကောင်စီကို ပိုပြီး အထိနာစေမယ့် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်ပြီး ကြုံလာနိုင်ပါသေးတယ်။

ဒါ့အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေအတွင်း မြန်မာ စစ်ဗိုလ်ချုပ်တွေက ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအပေါ် ရန်လိုတဲ့ သဘောထားမျိုးတွေ ပြသနေတာ၊ ပြည်တွင်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာ၊ ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ အဓမ္မ အနိုင်အထက် လဲလှယ်စေတာတွေက မြန်မာနိုင်ငံရဲ့ အလားအလာရှိတဲ့ စီးပွားရေး နယ်ပယ်ကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ခွာသွားအောင် ဖိအားပေးနေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံရဲ့ GDP ပမာဏဟာ ၂၀၂၁ မှာ ၂၀ ရာခိုင်နှုန်း နီးပါးကျဆင်းသွားပြီး ဒီနှစ်မှာ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကလည်း မနှစ်က ပြည်တွင်းမှာ လူပေါင်း ၁.၆ သန်းလောက် အလုပ်အကိုင် ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ လူနေရပ်ကွက်ထဲဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။

သတင်း

ပြီးခဲ့သည့် သြဂုတ်အတွင်းက ဒီပဲယင်းကွဲကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ သုံးရွာထက်မနည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

သတင်း

ယနေ့(စက်တင်ဘာ ၇ရက်) နံနက် ၁၁နာရီခန့်က မြေပုံမြို့အထွက်ရှိ နတလ ရုံးကို မိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ -ဝေါ်လေးလမ်းအနီးတဝိုက် ဒေသများ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်သည်။