Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပူတာအိုတွင် ကျောက်ဆောင်ပြိုကျပြီး သားအဖနှစ်ဦး ကျောက်တုံးပိသေဆုံး

“ရှေ့ဆက် မိသားစု၏ ဘဝရှင်သန်ရေးအတွက်ရုန်းကန်နေရင်းကျောက်တုံးကြီးပြိုကျရာမှသားအဖ နစ်ဦးစလုံး အသက်ဆုံရူံးသွားခဲ့ရပါတယ်”ဟု ပူတာအိုမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

People's Spring
People's Spring

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာတွင် မိုးသည်းထန်စွာရွာပြီးနောက် ကျောက်ဆောင်တစ်ခုပြိုကျရာ ဒေသခံသားအဖနှစ်ဦး ကျောက်တုံးပိ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဆန်ဂေါင်ရွာမှ ဦးနန်ဟီးဒီးနှင့် သားဖြစ်သူ နန်ဟီးဖုန်ရမ်သည် ယမန်နေ့(စက်တင်ဘာလ ၇ရက်) နေ့လည်တွင် တောင်ယာလုပ်ငန်းခွင်ဝင်နေချိန် ကျောက်တုံးပိသေဆုံးခဲ့ရခြင်းဟု ဒေသခံများကပြောသည်။

“ရှေ့ဆက် မိသားစု၏ ဘဝရှင်သန်ရေးအတွက်ရုန်းကန်နေရင်းကျောက်တုံးကြီးပြိုကျရာမှသားအဖ နစ်ဦးစလုံး အသက်ဆုံရူံးသွားခဲ့ရပါတယ်”ဟု ပူတာအိုမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

ပူတာအိုမြို့နယ်တွင် ယခုရက်ပိုင်း မိုးကောင်းနေ သည်။ ဒေသတွင်း ကျောက်ဆောင်များသည် ကျစ်လစ်အားနည်းပြီး ပြိုကျလွယ်၍ ဂရုတစိုက် နေသင့်ကြောင်း မြို့ခံများက ကျေးလက်တွင်နေထိုင်သူများကို သတိပေးနေကြသည်။

လတ်တလောကာလသည် အနောက်တောင်မုတ် သုံလေ ဆုတ်ခွာနေသည့်ကာလဖြစ်၍ နေရာကွက် မိုးကြီးတတ်သလို ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းကြောင့်လည်း ဒေသအများစု မိုးဆက်ကောင်းနိုင်ကြောင်း သတိပေးချက်များရှိနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နတလရုံးသို့ လာရောက်တပ်စွဲရာ နာရီဝက်ခန့်အကြာတွင် AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ

ပိုဟန်းအပြင် နိုင်ငံ တောင်ပိုင်းက ဘူဆန်နဲ့ အူလ်ဆန်တို့လို မြို့တွေလည်း မုန်တိုင်းကြောင့် ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ သစ်ပင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာ၊ ပြတင်းမှန်တွေ ကွဲကျေကုန်တာမျိုးတွေ ကြုံခဲ့ကြရပါတယ်။

သတင်း

နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့က ရဲဘော်တွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆောင်းပါး

၄ ယောက်က ရုရှား အစိုးရပိုင် စွမ်းအင် လုပ်ငန်းစုကြီး Gazprom၊ ဒါမှမဟုတ် Gazpromရဲ့ လုပ်ငန်းခွဲတွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ နောက် ၂ ယောက်ကတော့ Lukoilနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ Lukoilကတော့ ရုရှားမှာ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အကြီးမားဆုံး ပုဂ္ဂလိက...