Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ထား

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းယာယီပိတ်ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းယာယီပိတ်ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းအား အရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၈ ရက်) နံနက် ၁၀နာရီမှစတင်ကာ မုံရွာ – ချောင်းဦးလမ်းပိုင်းကိုကြေညာ ချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကို ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက် အာမမခံပါကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါ လမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦး PDFက မေတ္တာရပ်ခံထားသည်။

အလားတူ မုံရွာ – မန္တလေးလမ်းမကြီး၏မုံရွာ – မြင်းမူ လမ်းပိုင်းတွင်လည်း အရေးပေါ်အခြေအနေမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန် Pdf- South Monywa က သတိပေးသည်။

မုံရွာ – မြင်းမူ လမ်းပိုင်းအား မဖြစ်မနေ အသုံးပြုရမည်ဆိုပါက ကားမှန်များချ၍ သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ပေးကြရန်PDF-South Monywaက အသိပေးသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းကားများအား မုံရွာဘက်မှ စစ်ကောင်စီတပ်က အိမ်စီးကားများဖြင့် လာကြိုကာ ည ၇နာရီတွင် ကားများ မုံရွာမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ထုတ်ပြန်ထားသည်။

သတင်း

မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းကိုလည်း တိုင်းပြည်သယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူရောင်းချနေ၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

သတင်း

ထိုစစ်ဆင်ရေးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SpecialForces-11(PDF)က အသိပေးသည်။

သတင်း

People's Defence Force - South Monywa အဖွဲ့သည် မုံရွာခရိုင်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အခြားဒေသတွင်းအဖွဲ့များနည်းတူ မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်နေသည်။