Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDFအယောင်ဆောင်ကာကင်းလှည့်နေသော စစ်ဗိုလ်နှင့်တပ်သားတစ်ဦး PDFအစစ်နှင့်တိုးပြီးပစ်ခတ်ရှင်းလင်းခံရ

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စနိုက်ဘာ၊ လက်နက်ငယ် ၊ ၄၀မမ တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၂ဦး စနိုက်ဘာထိမှန်ကာ သေဆုံးသွားခဲ့ကြောင်းScorpions People Defense Forceက ပြောသည်။

Scorpions People Defense Force
Scorpions People Defense Force

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် PDFအယောင်ဆောင်ကာ ကင်းလှည့်လာသော စစ်ကောင်စီအရာရှိဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး PDFအစစ်နှင့်တည့်တည့်တိုးပြီးပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း တိုက်ခိုက်ခဲ့​သောအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းတွင်​လေယာဥ်ဖြင့်အင်အားတိုးလာချသွားခဲ့သော စစ်ကောင်စီတပ်များထဲကအရာရှိဗိုလ် ၁ဦး၊တပ်သား၁ဦး ပေါင်း၂ဦးသည် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်ခန့်က ကျောက်ရစ်စခန်းမှ PDF ဟန်ဆောင်ကာအရပ်ဝတ်ဖြင့် ကင်းလှည့်ထွက်လာခဲ့သည်။

ထိုသို့ထွက်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ စစ်ဆေးမှုပြုလုပ်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အရာရှိဗိုလ်တစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ထွက်​ပြေး လွတ်မြောက်သွားသော်လည်း စခန်းသို့ရောက်ချိန်သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း Scorpions People Defense Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒဏ်ရာရပြီးထွက်​ပြေး​သောစစ်​ကောင်စီတပ်သားက​သေနတ်များကိုပါ​ကောက်ယူ​ပြေးသဖြင့်လက်နက်မရလိုက်ဘဲ ၊အခင်းဖြစ်ရာ​နေရာမှာ စစ်​ကောင်စီတပ်စခန်းနှင့်နီးသည့်အတွက်​နောက်မှလိုက်​သော PDFများမှာစခန်းနားအထိ့မသွားဘဲပြန်ဆုတ်ခဲ့​ကြောင်း အဖွဲ့မှတာဝန်ရှိသူတစ်ဦးက​​ပြောသည်။

“ပြေးသွားတဲ့ မအလစစ်​​ေ-ွး နောက်လဲ လိုက်သေးတယ် သေနတ်ကို တစ်နေရာရာ ဖွက်ခဲ့တယ်ကြားလို့ လိုက်ရှာတယ်မတွေ့လိုက်ဘူးဗျ”ဟု၎င်က​ပြောသည်။

Scorpions People Defense Forceအဖွဲ့ တာဝန်ရှိသူက “သေနတ်မရလိုက်တာ တစ်ခု အောင့်သက်သက်ဖြစ်နေတာဗျ။ လက်ရှိတော့ စခ တွေ ပြန်ငြိမ်နေတယ်ဗျ။”ဟုဆက် ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်PDFများထိခိုက်မှုမရှိဘဲ တိုက်ခိုက်ပြီး​နောက်မကြာခင်ပြန်ဆုတ်ခဲ့သဖြင့် သေဆုံးစစ်​ကောင်စီတပ်မှ ဗိုလ်၏အချက်အလက်အ​သေးစိပ်ကိုမသိရဟုအထက်ပါတာဝန်ရှိသူက​ပြောသည်။

စက်တင်ဘာလ ၆ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ရှိကျေးရွာများတွင်ရက်ရှည်ကြာ လှည့်ပတ်စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း Scorpions People Defense Forceက အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စနိုက်ဘာ၊ လက်နက်ငယ် ၊ ၄၀မမ တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၂ဦး စနိုက်ဘာထိမှန်ကာ သေဆုံးသွားခဲ့ကြောင်းScorpions People Defense Forceက ပြောသည်။

ထိုစစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄(MSPDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁(27 Revolution Force,Burmese Guerrilla Force၊11Brother Force(မြောင်)၊မြင်းခြံခရိုင်တပ်ရင်း၊အမှတ်(၃)-တပ်ခွဲ၁(မြေလတ်-PDF)၊ တပ်ခွဲ ၂ (TTA-ပြောက်ကျားတပ်၊TaungTha PDF)၊တပ်ခွဲ ၃(Seven People Defense Force၊Scorpions People Defense Force၊Myingyan Black Tiger၊ Natogyi Regional Defence Force၊ မြောင် ကျေးရွာတပ်ပေါင်းစု စသည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ လူနေရပ်ကွက်ထဲဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။

သတင်း

တမူး - ကလေးအာရှလမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဥ် စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် ယာဥ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတင်း

ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။