Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငွေလွဲ၊ငွေထုတ်ရာတွင် မှတ်ပုံတင်မဖြစ်မနေယူလာရမည်ဟု Wave Money ဆို

“ယခုကစပြီး ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝ(လုံးဝ) မမေ့ကြနဲ့နော်”ဟု Wave Money က ဆိုသည်။

ငွေလွဲ၊ငွေထုတ်ရာတွင် မှတ်ပုံတင်မဖြစ်မနေယူလာရမည်ဟု Wave Money ဆို
ငွေလွဲ၊ငွေထုတ်ရာတွင် မှတ်ပုံတင်မဖြစ်မနေယူလာရမည်ဟု Wave Money ဆို

Wave Money ဆိုင်များမှ ငွေလွဲ၊ငွေထုတ် ဝန်ဆောင်မှုများအတွက် မှတ်ပုံတင်မဖြစ်မနေ ယူဆောင်လာပြီး အချက်အလက်အပြည့်အစုံဖြည့်တင်းရမည်ဟု Wave Money မိုဘိုင်းငွေရေးကြေးရေးကုမ္ပဏီက ယနေ့ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက မိုဘိုင်းဖုန်းအသုံးပြု ငွေရေးကြေးရေးကုမ္ပဏီများအား ငွေလွဲ၊ ငွေထုတ်သူများ​၏ ကိုယ်ရေးအချက်အလက်ရယူရန်နှင့် ဓာတ်ပုံခိုးရိုက်ထားရန်ဟူသော အစရှိသည့် စည်းကမ်းများတင်းကြပ်ပြီးနောက် Wave Moneyကုမ္ပဏီဘက်က ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ယခုကစပြီး ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝ(လုံးဝ) မမေ့ကြနဲ့နော်”ဟု Wave Money က ဆိုသည်။

ငွေလွဲ/ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင်ယူရမည်ဟူသော ကြေညာချက်ကို Wave Money ကုမ္ပဏီတစ်ခုကသာ ထုတ်ပြန်ကြေညာခဲ့ပြီး အခြားမိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းဖြစ်သည့် Kpay ၊ True Moneyစသည့်တို့က ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်း၊မကွေးနဲ့မန္တလေးတိုင်းအပါအဝင် ပြည်နယ်အချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင် ကိုအခြေခံပြီး စစ်ကောင်စီနဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ NUG ကဆိုထားပါတယ်။

News

ဒါဟာ စစ်ကောင်စီက ဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဆောင်ရွက်ခွင့်မပြုတော့တာ ဖြစ်ပါတယ်။

News

အရင်ကတော့ မှတ်ပုံတင်မပြနိုင်ရင် ထောက်ခံစာ ၊ကျောင်းသားကတ် ၊ ယာဉ်မောင်းလိုင်စင် ၊ပတ်စ်ပို့ ပြပြီး ခရီးသွားလာခွင့်ရခဲ့တယ်လို့သိရပါတယ်။

News

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဝန်ဆောင်မှု​ပေးသူများအား စစ်ဖက်ဆိုင်ရာထောက်လှန်းရေးများက အလွန်အကျူးစောင့်ကြည့်နေမှုများကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟုလည်း ဆိုထားသည်။