Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာဒုံ အမှတ်(၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။

အမှတ် (၃)လမ်းဆုံမီးပွိုင့်အား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
အမှတ် (၃)လမ်းဆုံမီးပွိုင့်အား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၈ ရက်)ည ၈ နာရီ ၁၉ မိနစ်ခန့်က အမှတ် (၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၏အဖွဲ့တစ်ဖွဲ့​ဖြစ်သည့် Human Rights Defenders (HRD)အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အမှတ် (၃)လမ်းဆုံမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်၏ ဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ မိမိဖက်မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူဖက်မှ ဆုံးမှုရှိနိုင်သည်”ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိပ်အား လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိရသေးပေ။

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မင်းတပ် CDF နှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဇွန်လကုန်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ နောက်ဆုံးဖြစ်ခဲ့ပြီး နှစ်လကျော်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

သတင်း

"စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

သတင်း

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။