Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ K-PDF အသိပေး

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

ကသာခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ K-PDF အသိပေး
ကသာခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ K-PDF အသိပေး

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ချောင်းဝနှင့် မင်းကျောင်းကုန်းကျေးရွာကြားတိုက်ပွဲ၌ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြို့လှ K-PDFက ယနေ့ (စက်တင်ဘာ ၉ ရက်) ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကစင့်ကလျားဖြစ်သွားခဲ့ရပြီး နှစ်ဖွဲ့ကွဲကာ ချောင်းဝကျေးရွာအတွင်းသို့ တပ်ဆုပ်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်အရ စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် မြေနူ့ကျေးရွာတွင် ယာယီတပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှာ ကချင်ပြည်နယ်အစပ် ချောင်းဝကျေးရွာ နှင့်မင်းကျောင်းကုန်းရွာဘက်သို့အင်အား ၈၃ဦးဖြင့် ထိုးစစ်ဆင်လာစဥ် မြို့လှ K- PDF တပ်ရင်း တပ်ခွဲ (၁)မှ ဗိုလ်မိုးကြိုးဦးစီးသော တပ်စိတ်မှူးဒေါင်းညိုအဖွဲ့က ကြိုတင်စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

တိုက်ပွဲတွင် ရဲဘော်များအထိအခိုက်မရှိ စွမ်းဆောင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စက်တင်ဘာ ၆ ရက်က စစ်ကောင်စီ၏ ခလရ(၇၇)တပ်ကို စစ်ကိုင်း နှင့် ကချင် ပြည်နယ်အစပ် သာယာကုန်းရွာ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြို့လှKPDFက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မင်းတပ် CDF နှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဇွန်လကုန်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ နောက်ဆုံးဖြစ်ခဲ့ပြီး နှစ်လကျော်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

သတင်း

"စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

သတင်း

"ဓားပြတွေကို PDF တွေက ဖမ်းဆီးတယ်။ CDM ရဲတွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ လိုအပ်တာတွေ ဆက်စစ်ဆေးသွားမယ်"ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။