Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့တွင် ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင်သုံးဦးကို PDF ထပ်မံဖမ်းဆီး

“ဓားပြတွေကို PDF တွေက ဖမ်းဆီးတယ်။ CDM ရဲတွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ လိုအပ်တာတွေ ဆက်စစ်ဆေးသွားမယ်”ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(People's Defense Force - Tamu တပ်ရင်း - ၁မှ ရဲဘော်များအား တွေ့ရစဥ်)
(People's Defense Force - Tamu တပ်ရင်း - ၁မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိထားသည့် ဓားပြတစ်ဦး၏ ဖော်ထုတ်မှုအရ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း People’s Defense Force – Tamu တပ်ရင်း – ၁က ထုတ်ပြန်သည်။

တမူးမြို့တွင် ဂိုဏ်းဖွဲ့ဓားပြတိုက်လုယက်နေသည့် ဓားပြအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်က စက်တင်ဘာလ ၇ ရက်တွင် ဖမ်းမိခဲ့သည်။ ယင်းဓားပြ၏ ထုတ်ဖော်ဝန်ခံချက်အရ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို ညီနောင်မဟာမိတ်အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ထပ်မံဖမ်းမိခဲ့သည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

“ဓားပြတွေကို PDF တွေက ဖမ်းဆီးတယ်။ CDM ရဲတွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ လိုအပ်တာတွေ ဆက်စစ်ဆေးသွားမယ်”ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းမိထားသည့် ဓားပြလေးဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။ ၎င်းတို့ ထိန်းသိမ်းထားသည့် ကနဦးဖမ်းမိထားသည့် တစ်ဦးနှင့် ညီနောင်မဟာမိတ်အဖွဲ့အစည်းမှ ထိန်းသိမ်းထားသည့် သုံးဦးကို ​အသေးစိတ်စစ်ဆေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

“နောက်နောင်တွင်လည်း လက်နက်အားကိုးဖြင့် ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက်နေသော မည့်သည့်အဖွဲ့အစည်းကိုမဆို ဖမ်းဆီးနှိမ်နင်း အရေးယူသွားမည်ဖြစ်ကြောင်း မိဘ​ပြည်သူများအား အသိပေးအပ်ပါသည်”ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က သတိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးမှုမရသေးသည့် တမူးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ပျူစောထီးများက နေရာယူထားသည်။ တမူးမြို့ပေါ် ရပ်ကွက်များတွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်နေသည်။ ပျူစောထီးအဖွဲ့ဝင်အချို့ပါဝင်သည့် ဓားပြအဖွဲ့ကို စက်တင်ဘာ ၅ရက်တွင် ဒေသခံများက ဖမ်းမိခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

သတင်း

"စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

သတင်း

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။