Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်’စစ်ဆင်ရေးအဖြစ် သထုံမြို့ လျှပ်စစ်ရုံးကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိမှန်ခဲ့ဟု မြို့နယ်(ပကဖ) အသိပေး

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်)
(သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်)

မွန်ပြည်နယ် သထုံမြို့ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ယနေ့(စက်တင်ဘာ ၉ရက်)နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထိမှန်ခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဘန်ကာ၌ ကင်းစောင့်ရင်း ဖုန်းသုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

သထုံမြို့နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန်လည်း သထုံမြို့နယ်(ပကဖ)က အသိပေးခဲ့သည်။

စက်တင်ဘာ ၅ရက်ကလည်း သထုံ(ပကဖ) အနေဖြင့် ကြာပန်း တိုးဂိတ်အနီး ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို (၄၀)မမ ဖြင့် သွားရောက် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

သတင်း

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။

သတင်း

မင်းတပ် CDF နှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဇွန်လကုန်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ နောက်ဆုံးဖြစ်ခဲ့ပြီး နှစ်လကျော်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။