Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့အလုပ်ထုတ်ခံရ၍ စက်ရုံပိုင်ရှင်အား တရားစွဲဆိုရန် ပြင်ဆင်နေ

ယင်းစက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများသည် ပန်းရောင်ကတ်ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ရာ လုပ်သက်ပြည့် ဝန်ထမ်းများလည်း ဖြစ်သည်ဟု ဆိုသည်။

အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB
အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB

ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး စက်ချုပ်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော်ကို အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုခဲ့ပြီး ယင်းစက်ရုံပိုင်ရှင်ကို တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း အဆိုပါစက်ရုံလုပ်သားများအရေး ကူညီပေးနေသည့် ကိုရဲမင်း(AAC မဟာမိတ်)က ပြောသည်။

အဆိုပါ စက်ရုံအလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၃ဦး အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။

အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB
အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB

ယင်းစက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများသည် ပန်းရောင်ကတ်ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ရာ လုပ်သက်ပြည့် ဝန်ထမ်းများလည်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စက်ရုံပိုင်ရှင်က နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခြင်းကြောင့် မြန်မာလုပ်သားများက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟုလည်း ကိုရဲမင်းက ပြောသည်။

” MoU နဲ့ လူသစ်တွေလာမှာမို့ သပ်သပ်မဲအလုပ်ထုတ်တာ။ နစ်နာ‌ကြေးလည်း တစ်ယောက်ကို ဘတ်တစ်သောင်းပေးရမှာ ဘတ်၂နှစ်ထောင်ပဲ ပေးတယ်။ အဲဒါကြောင့် ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ ဆောင်ရွက်နေတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့တွင် အဆိုပါ စက်ရုံလုပ်သားများက စက်ရုံ‌ရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများအရေး ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကူညီပေးနေကြောင်းလည်း ကိုရဲမင်းက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သို့​​ဖြစ်ပါ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ထုတ်ပြန်ချက်များအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်​ခြင်းဖြင့် ကူညီ​ပေးစေလိုကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါ သည်"ဟု ဖော်ပြသည်။

နိုင်ငံတကာ

သီရိလင်္ကာမှာတော့ ပြည်သူတွေက ရာဂျာပက်ဆာနဲ့ တစ်ချိန်က နိုင်ငံရေးဩဇာ ကြီးမားခဲ့တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို အခုထိ အခဲမကျေသေးပါဘူး။ ရာဂျာပက်ဆာရဲ့ အစ်ကိုဖြစ်သူ မာဟင်ဒါ ရာဂျာပက်ဆာကလည်း သီရိလင်္ကာရဲ့ သမ္မတဟောင်း တစ်ဦးပါပဲ။

သတင်း

အဲဒီလိုဖမ်းဆီးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၇၅ ဦးဖမ်းမိတယ်လို့မလေးရှားလဝက ထုတ်ပြန်ပါတယ်။

သတင်း

"အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်" စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။