Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်ပေါင်မှ နမခသို့ထွက်လာသည့် ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

လက်ပတောင်းတောင်ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွဲကားများသည် ယမန်နေ့ ညနေ ၅ နာရီခန့်ကလည်း မုံရွာ(နမခ)ဘက်သို့ သယ်ဆောင်သွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

(ကြေးနီတင်ယာဥ်များအား တိုက်ခိုက်ခဲ့သော မိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-BDF)
(ကြေးနီတင်ယာဥ်များအား တိုက်ခိုက်ခဲ့သော မိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-BDF)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ကြေးနီများသယ်ဆောင် ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း ယမန်နေ့မွန်းလွဲပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက််တင်ဘာ ၈ ရက်) မွန်းလွဲ ၁နာရီ ကျော် က ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ဆောင်လာသော ယာဉ်ကြီး ခြောက်စီးကို ကောင်းခန့်ဆီဆိုင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Brother Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

“ကားကြီးမှာ အနားတင်ထိုးရပ်သွားပြီး ဘယ်လောက်သေဆုံးတယ် ဘယ်လိုအခက်ခဲဖြစ်သွားမလဲဆိုတာကိုတော့မြေပြင်သတင်းအခက်အခဲများကြောင့် အတိအကျမသိရသေးပါဘူးခင်ဗျာ။ မိဘပြည်သူများကိုချက်ချင်းတင်ပြနိုင်ခြင်းမရှိသည်မှာရဲဘော်များရဲ့လုံခြုံရေးကြောင့်ဖြစ်ပါသည်ခင်ဗျာ။”ဟု Brother Defense Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လက်ပတောင်းတောင်ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွဲကားများသည် ယမန်နေ့ ညနေ ၅ နာရီခန့်ကလည်း မုံရွာ(နမခ)ဘက်သို့ သယ်ဆောင်သွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ကြေးနီများအား ၃ ရက်သယ်မည်ဟု သတင်းရရှိပြီး သယ်ဆောင်ချိန်အတွင်း ညောင်ပင်ကြီးကူးတို့ဆိပ်မှ အင်အား ၃၀၊ ယင်းမာပင်ရဲတပ်ရင်းမှ အင်အား ၂၀ တို့ ပူးပေါင်းပြီး ဝမ်ပေါင်ကုမ္ပဏီမှ ပုသိမ်မုံရွာလမ်းတစ်လျှောက် ရွှေတောင်ဦးကုန်းအထိ လုံခြုံရေးယူထားကြောင်း၊ ဒေသခံပြည်သူများလည်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

လက်ပတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီတင်ယာဥ်များသည် မြစ်တစ်ဖက်ကမ်းရှိ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ သယ်ဆောင်လေ့ရှိပြီး ယခင်ကလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ဒတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

Mytel ပိုက်ဖြင့် ဆင်ထားသော အင်အားပြင်း နှစ်ဆင့်ကွဲ ရှေ့ထွက်မိုင်းများဖြင့် အသင့်စောင့် ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရရှိသွားခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

သတင်း

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။