Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများ စက်တင်ဘာ ၁၆ရက် နောက်ဆုံးထား၍ အလင်းဝင်ကြရန် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ အမိန့်‌ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြည်သူများ အကြောင်းမဲ့ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပြည်သူအများအပြား စစ်ဘေးရှောင်နေရခြင်းစသည့် အကြမ်းဖက်မှုများ ခံစားနေကြရသော်လည်း စစ်ကောင်စီလက်ပါးစေ Non-CDM များသည် ပြည်သူလူထုကို မျက်ကွယ်ပြု၍ စစ်ကောင်စီ ထောက်တိုင်များအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ပြည်သူလူထုနှင့် CDM ဝန်ထမ်းများအား အနှောက်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးစေရန် သတင်းပေးခြင်း၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ရန် ရည်ရွယ်သော စာရင်းဇယားများပြုစုပေးပို့ ခြင်းများ လုံး၀ မလုပ်ရန်လည်း တားမြစ်ထားသည်။

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(စက်တင်ဘာ ၉ ရက်)တွင် ကျောက်မြောင်းမှ ရွှေဘိုမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား ရွှေဘို - ကျောက်မြောင်းလမ်းပေါ်ရှိ အုံးပေါက်ကျေးရွာ အနောက်ဘက်မှ အသင့်စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ကြောင်း Burma Rangers အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ယနေ့(စက်တင်ဘာလ ၉ ရက်နေ့)နံနက်၆နာရီခွဲခန့်ကစစ်ကောင်စီတပ်သည် အရာတော်မှကားကြီးနှစ်စီးဖြင့်ရှမ်းလည်ချောင်းရွာသို့လာ​ရောက်၍တဲနှစ်တဲကိုမီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ယနေ့ နေ့လယ် ၂ နာရီခန့်က ပခုက္ကူ - ရေစကြိုလမ်းရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀)မမနှင့် (၄၀)မမ စသည့် လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မိုးဗြဲမြို့တိုက်ပွဲမှာ စက်တင်ဘာ ၈ရက် (ယမန်နေ့)နံနက် ၈နာရီခန့်ကစတင်ခဲ့ပြီး ဝါရီဆူးပလိုင်ဘက်မှ မိုးဗြဲမြို့ဘက်သို့ အင်အား ၁၀၀နီးပါးဖြင့် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။