Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းတွေပို့ပေးလိုက်တဲ့ စစ်ကောင်စီတပ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ကော်ဘရာစစ်ကြောင်းမှုး

“တပ်မ(၄၄)က ပို့လိုက်သောလက်နက်ခဲယမ်းများ Cobra စစ်ကြောင်းမှူးမှ ကောင်းမွန်စွာလက်ခံရရှိပြီး အထူးကျေးဇူးတင်ကြောင်း”ဆိုတဲ့စာသားနဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကေက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းတွေပို့ပေးလိုက်တဲ့ စစ်ကောင်စီတပ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ကော်ဘရာစစ်ကြောင်းမှုး
လက်နက်ခဲယမ်းတွေပို့ပေးလိုက်တဲ့ စစ်ကောင်စီတပ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ကော်ဘရာစစ်ကြောင်းမှုး

စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်အပါအဝင် ၆ ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိခဲ့ပြီးတဲ့နောက် လက်နက်ခဲယမ်းတွေပို့ပေးတဲ့ တပ်မ ၄၄ ကိုကျေးဇူးတင်ကြောင်းကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။

“တပ်မ(၄၄)က ပို့လိုက်သောလက်နက်ခဲယမ်းများ Cobra စစ်ကြောင်းမှူးမှ ကောင်းမွန်စွာလက်ခံရရှိပြီး အထူးကျေးဇူးတင်ကြောင်း”ဆိုတဲ့စာသားနဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကေက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းက မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ(၁၀)ရက်နေ့ မနက်အစောပိုင်းမှာ ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ဘလက်တိုကျေးရွာအနီးရှိနေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ - ဝေါ်လေလမ်း အနီးတဝိုက် တွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

သတင်း

စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်ယာသုံးစက်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

မနေ့ စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းကလည်း မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။