Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦး ထပ်မံဖမ်းဆီးခံရ

မိဘပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ဖို့နှင့်လူငယ်များ လာရောက်ခိုလှုံပါက ဝိုင်းဝန်းကူညီပေးကြရန် နှိုးဆော်အပ်ရပါသည်။”ဟု ‌ရန်ကုန်လူထုသပိတ်က မေတ္တာရပ်ခံထားသည်။

(ဖမ်းဆီးခံရသည့် ကိုဇွဲထက်)
(ဖမ်းဆီးခံရသည့် ကိုဇွဲထက်)

▪️၃ရက်ကြာသည်အထိ သတင်းမရ၍ အသက်န္တရာယ်စိုးရိမ်နေရဟု ရန်ကုန်လူထုသပိတ် ထုတ်ပြန်

ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးကို စစ်ကောင် စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး သုံးရက်ကြာသည် အထိသတင်းမရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ကြောင်း ရန်ကုန်လူထုသိပိတ်က စက်တင် ဘာ ၉ ရက်ညတွင် အသိပေးသည်။

စက်တင်ဘာ ၆ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်လူထုသပိတ်အဖွဲ့ဝင် SMVTI Vocational Training Institute မှကျောင်းသား ကိုဇွဲထက်ကို သမိုင်းမြို့နယ်ရှိ အဆောင်တစ်ခု၌ ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် သုံးရက်ကြာသည်အထိ ဖမ်းဆီးခံရသူ ဇွဲထက်၏ သတင်းမကြားရသောကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေပြီး သပိတ်ရဲဘော်တစ်ဦးကို စစ်ကောင်စီက မတရားပုဒ်မများတပ်မည်ကို စိုးရိမ်နေကြောင်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားသည်။

“ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့နယ် အသီးသီးမှ လူငယ်အများအပြားနှင့် မိဘပြည်သူများကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းအကြောင်းပြ၊ စစ်တပ်ထောက်ခံသူလော်ဘီများ​၏ အရေးအသားများကြောင့် မတရားဖမ်းဆီးခံရမှုများ ကြုံတွေ့လျှက်ရှိသည်။

မိဘပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ဖို့နှင့်လူငယ်များ လာရောက်ခိုလှုံပါက ဝိုင်းဝန်းကူညီပေးကြရန် နှိုးဆော်အပ်ရပါသည်။”ဟု ‌ရန်ကုန်လူထုသပိတ်က မေတ္တာရပ်ခံထားသည်။

ဩဂုတ် ၈ရက်တွင် ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ် သည် ပြည်သူများ၏ အားပေးမှုအများအပြားရရှိခဲ့ပြီး ဩဂုတ် ၂၀ရက်တွင် ၎င်းတို့အဖွဲ့မှအဖွဲ့ဝင် တစ်ဦးနှင့် ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ စစ်ကောင်စီက ထီးသပိတ်တွင်ပါဝင်သူများကို ဖမ်းဆီးခြင်းဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ကြောင့် နိုင်ငံရေးအကျဥ်းသားများအပေါ်စွဲဆိုထားသော ထပ်တိုးအမှုများအတွက် တရားရုံးထုတ်ရာတွင် ကိုအောင်နိုင်သူမှာ ဝှီးချဲဖြင့်ပင် ရုံးထုတ်ခံခဲ့ရသည်ဟုဆို သည်။

သတင်း

ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်​ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

သတင်း

"ဓားပြတွေကို PDF တွေက ဖမ်းဆီးတယ်။ CDM ရဲတွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ လိုအပ်တာတွေ ဆက်စစ်ဆေးသွားမယ်"ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။