Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ရေစကြိုမြို့မှ (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်ယာသုံးစက်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)
(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)

▪️ကန့်ဘလူမြို့မှ (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွား

စစ်ကောင်စီတပ်သည် မကွေးတိုင်း ရေစကြိုမြို့မှ အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှ အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ် ဇီးကုန်းကျွန်းရွာမှ (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦးကို စက်တင်ဘာ ၈ရက်တွင် သေနတ်ဖြတ်ပစ်သတ်ပြီး ရုပ်လောင်းကို မီးရှို့ သွားသည်ဟု ဒေသခံများက ပြောသည်။အဆိုပါ ကလေးငယ်သည် ရွာအတွင်း စစ်ကောင်စီတပ်ဝင်လာစဥ် ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခံရ​​ခြင်းဟု ဆိုသည်။

(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)
(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – YSG PDF)

“ကျွန်မ မောင်လေးပါ။ ပြေးလို့သတ်တာတဲ့”ဟု သေဆုံးသူကလေးငယ်၏ အစ်မဖြစ်သူက ပြောသည်။

စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်ယာသုံးစက်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထို့အပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ကိုလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေသည်။ ကိုးတောင်ဘို့တိုက်နယ် ဇီးကနားကျေးရွာမှ အသက်(၁၇)နှစ်အရွယ် မသဇင်မိုးအပါအဝင် လူငယ်လေးဦးကို စက်တင်ဘာ ၈ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။ဖမ်းဆီးခံရသူလေးဦးစလုံးအတွက် ဒေသခံများက စိတ်ပူနေကြသည်။

(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)
(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – YSG PDF)

“ကလေးတွေအပေါ် မယုတ်မာပါစေနဲ့လို့ ဆုတောင်းနေရတယ်။အရမ်းစိတ်ပူနေရပြီ “ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကိုးတောင်ဘို့တိုက်နယ်အတွင်း လေကြောင်းမှတဆင့် အင်အားအများအပြားတိုးချထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(စက်တင်ဘာ ၉ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့နယ် ချောင်းဆုံကျေးရွာမှ အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် ရင်းမကန်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ - ဝေါ်လေလမ်း အနီးတဝိုက် တွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

သတင်း

"တပ်မ(၄၄)က ပို့လိုက်သောလက်နက်ခဲယမ်းများ Cobra စစ်ကြောင်းမှူးမှ ကောင်းမွန်စွာလက်ခံရရှိပြီး အထူးကျေးဇူးတင်ကြောင်း"ဆိုတဲ့စာသားနဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကေက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။