Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာအကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးကို PDF ဖမ်းဆီးထိန်းသိမ်း

ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်​ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။

(ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အကျဥ်းဦးစီးဌာန၏ အရာရှိအား တွေ့ရစဉ်၊ဓာတ်ပုံ-Fight For People F.F.P)
(ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အကျဥ်းဦးစီးဌာန၏ အရာရှိအား တွေ့ရစဉ်၊ဓာတ်ပုံ-Fight For People F.F.P)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း Fight For People F.F.P ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၉ ရက်)က အကျဉ်းထောင်များကြီးကြပ်ရေးအဖွဲ့၏ အင်ဂျင်နီယာ-ဒုကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်မျိုးညွန့်အောင် ကိုယ်ပိုင်နံပါတ် က-၃၃၈၆ကို မုံရွာမြို့နယ်၊ သာစည် ကျေးရွာတွင် အသစ်ဆောက်လုပ်နေသောအကျဉ်းထောင်မှ တိတ်တဆိတ်ထွက်ခွာလာချိန် သာစည်လမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်တပ်ရင်း( ၂ )တပ်ခွဲ (၄) Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်​ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မုံရွာအကျဥ်းထောင်သည် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးအကျဥ်းချခံခဲ့ရသူများအား ထောင်တွင်းဖိနှိပ်အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီ၃ ရက်ကလည်း ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားရာ ပစ်ခတ်ဖြိုခွင်းခဲ့၍ လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ကြောင့် နိုင်ငံရေးအကျဥ်းသားများအပေါ်စွဲဆိုထားသော ထပ်တိုးအမှုများအတွက် တရားရုံးထုတ်ရာတွင် ကိုအောင်နိုင်သူမှာ ဝှီးချဲဖြင့်ပင် ရုံးထုတ်ခံခဲ့ရသည်ဟုဆို သည်။

သတင်း

မိဘပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ဖို့နှင့်လူငယ်များ လာရောက်ခိုလှုံပါက ဝိုင်းဝန်းကူညီပေးကြရန် နှိုးဆော်အပ်ရပါသည်။"ဟု ‌ရန်ကုန်လူထုသပိတ်က မေတ္တာရပ်ခံထားသည်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

သတင်း

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။