Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်၌တော်လှန်​ရေးတပ်ဖွဲ့ဝင်အင်အားစုစုပေါင်းတစ်​သောင်းခွဲကျော်ရှိဟု PKPFအသိပေး

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှာ တပ်အင်အား ၇,၀၀၀ ဖြင့်အများဆုံး ဖြစ်သည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)

▪️စစ်ကောင်စီတပ် အင်အားမှာ ၇,၅၀၀ ဦးရှိဟုဆို

စစ်​ကောင်စီတပ်ကိုအထိနာ​အောင်ခုခံတွန်းလှစ်စစ်ပြင်းထန်စွာဆင်နွှဲ​နေသောကရင်နီ(ကယား) ပြည်နယ်တွင်စစ်ကောင်စီ၏အခြေစိုက်တပ်သားအင်အားမှာ ၇,၅၀၀ ဦးရှိပြီး၊ ​တော်လှန်​ရေးအဖွဲ့များအင်အား ၁၅၀၀၀ ​ကျော်ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ယနေ့(စက်တင်ဘာ ၁၀ ရက်) ထုတ်ပြန်သည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)

ကရင်နီပြည်တွင်စစ်​ကောင်စီတပ်မှ အရှေပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း (၁၁)ရင်းရှိပြီးစုစုပေါင်းအင်အား ၂,၅၀၀ ခန့်၊အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တပ်ရင်း (၆)ရင်းအင်အား ၁,၄၀၀ ၊အမြှောက်တပ်ရင်းသုံးရင်းတွင် အင် အား ၈၀၀ ရှိမည်ဟုခန့်မှန်းတွက်ချက်ထားသည်။

ထို့အပြင် စစ်လေ့ကျင့်ရေးကျောင်း၊ဆေးတပ်၊ဆက်သွယ်ရေးတပ်၊ထောက်ပို့တပ်၊စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့တွင်စစ်ကောင်စီတပ် စုစုပေါင်းအင်အား ၁,၆၀၀နှင့် ရှေ့တန်းတပ် စခန်းကုန်း ၅၃ခုတွင် အင်အား ၁,၂၀၀ ရှိနိုင်ကြောင်းလည်း PKPF က ခန့်မှန်း​ဖော်ပြထားသည်။ထို​ကြောင့် ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်၏စုစု​ပေါင်းအင်အား ၇၅၀၀ ခန့်ရှိသည်ဟုPKPFက ခန့်မှန်းတွက်ချက်အသိ​ပေးသာ်။

ကရင်နီပြည်နယ်အတွင်းရှိ ​ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စုစုပေါင်းအင်အားမှာ ၁၅,၈၅၀ဦးအထိရှိနိုင်ကြောင်းလည်းခန့်မှန်းတွက်ချက်သည်။

“ကျွန်တော်အရင်လတွေကတည်းက ပြောသလိုပေါ့ ။အရေအတွက်အရ တစ်ယောက်ချင်းစီးချင်းထိုးရင် အာဏာသိမ်းစစ်တပ်ကို နေ့ချင်းပြီးနိုင်တယ်။ဒါပေမယ့် လက်နက်ခဲယမ်းအရင်းအမြစ်ကိုယှဥ်ဖို့ ခက်နေတုန်း။ဒါပေမယ့်လည်း ကရင်နီပြည်နယ်က ရဲဘော်တွေ အခက်အခဲတွေကြားက ကြိုးစားနေတယ်။တစ်ခုရှိတာ ဒီတိုက်ပွဲ မြန်မြန်အောင်ချင်ရင် လူတိုင်း ပါဝင်ဖို့ လိုပြီ။စစ်ကောင်စီရဲ့ သတင်းအချက်အလက်ပေးနိုင် သူက ပေး။မပေးနိုင်တဲ့သူက ငွေအား လုပ်အားစိုက်။တော်လှန်ရေးမှာ မျက်ခြေပြတ်မသွားကြဖို့ လိုတယ်”ဟု ကရင်နီ​ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှာ တပ်အင်အား ၇,၀၀၀ ဖြင့်အများဆုံး ဖြစ်သည်။

ကရင်နီတပ်မတော်(KA) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(KNPLF)တို့မှာ တပ်ဖွဲ့ဝင်အင်အား ၂,၀၀၀ ​​ကျော်စီဖြင့်ဒုတိယအင်အား အများဆုံးဖြစ်သည်။

ကယန်းပြည်သစ်ပါတီ(KNLP)နှင့် ဒီးမော့ဆို ပြည်သူကာကွယ်ရေးတပ်တို့တွင် အင်အား ၁,၀၀၀ကျော်ဖြင့် ပြည်နယ်အတွင်းတပ်အင်အားတတိယအများဆုံး အများဆုံးစာရင်းတွင် ပါဝင်နေသည်။

ယခုစာရင်းများသည် လက်လှမ်းမိသလောက်ခန့်မှန်းတွက်ချက်ခြင်းသာဖြစ်ပြီး အများပြည်သူများ လေ့လာသိရှိနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း PKPFက အသိပေးသည်။

ထိုအပြင် BNI ( Burma News International) က မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ် (၂)ကိုယခုတစ်ပါတ်အတွင်းထုတ်ဝေခြင်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာမြန်မာနိုင်ငံ၏ ၂၀၁၉-၂၀၂၀ လက်နက်ကိုင် ပဋိပက္ခ နှင့် ၂၀၂၁-၂၀၂၂ လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်​​သော အချက်အလက်များကို​ဖော်ပြထားသည်။အဆိုပါ အချက်အလက်များတွင်ကရင်နီပြည်နယ်အ​ခြေစိုက်KNPP/KA၏ တပ်ဖွဲ့ဝင်အင်အားကို ၂၀၀၀ ​ကျော်ခန့်မှန်းတွက်ချက်ထားသည်။BNIထုတ်ပြန်​ချက် ထုတ်ပြန်ပြီးရက်ပိုင်းအတွင်းကရင်နီ ပြည်နယ် အ​ခြေစိုက် PKPF က ပြည်နယ်အတွင်း​​တော်လှန်​ရေးအင်အား ၁၅၀၀၀ ​ကျော်ရှိ​ကြောင်းထုတ်ပြန်လာခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လောက်ကိုင်တိုက်ပွဲ နှင့် ရခိုင် ပြည်နယ်တိုက်ပွဲ များတွင် နာမည်ကြီးခဲ့သည့် တပ်မ ၆၆ သည် ကရင်နီပြည်တွင် အခြေနေဆိုးနှင့်ကြုံခဲ့ရကြောင်း KA က ပြောသည်။

သတင်း

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။