Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

YDF-ထီးလင်းကလုံခြုံ​ရေးဂိတ်​လေးခုစတင်ဖွင့်

ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း​မေတ္တာရပ်ခံသည်။

(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)
(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)

အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ ထီးလင်းမြို့နယ်အတွင်းတွင်လုံခြုံရေးဂိတ် ၄ ဂိတ်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း YDF-Htilin ကယနေ့(စက်တင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ ဂိတ်များတွင် မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ဘဲ ပြည်သူ့လုံခြုံရေးကိုသာ ဆောင်ရွက်မည်ဟုအသိပေးသည်။

ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း​မေတ္တာရပ်ခံသည်။

(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)
(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)

“တစ်ဂိတ်ကို တပ်စိတ်တစ်ခုနဲ့ လုံခြုံရေးယူထားတယ်ဗျ။အရင်ကတော့ ဂိတ်တွေမဖွင့်နိုင်ဘဲ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူနိုင်ခဲ့တာပဲရှိတယ်။အခုက နယ်မြေအနေအထားအရရော ဒေသတွင်း လုံခြုံရေး စိစစ်နိုင်ဖို့ လုပ်ဆောင်တာ”ဟု YDF Htilin တာဝန်ရှိသူက People’s Springသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့်ဆက်စပ်ပတ်သက်သည့်တားမြစ်ကုန်ပစ္စည်းများသယ်​ဆောင်ရောင်းဝယ်ခြင်းများမပြုလုပ်ရန်နှင့် ဂိတ်များတွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန် အသိပေးသည်။

အခွန် နှင့် အလှူငွေ ကိစ္စများကို YDF-Htilinရုံးသို့သာ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးကြရန်လည်း ဖော်ပြသည်။

ထို့အတူတပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းရာတွင် ရိုင်းစိုင်းမှု၊ခြိမ်းခြောက်မှုနှင့်ငွေကြေးတောင်ခံမှုများရှိခဲ့ပါကသက်ဆိုင်ရာအကြီးအကဲများနှင့် YDF-Htilin ရုံးသို့ တိုင်ကြားပေးရန် တောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

သတင်း

ထီးလင်းမြို့အပါအဝင် ယောဒေသသည် စစ်အာအာဏာရှင် တော်လှန်ရေးတွင် စနစ်တကျရှိပြီး တိုက်ခိုက်ရေးအရှိန်မြှင့်နေသလို တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ် ရေးယန္တရားလည်း အသက်ဝင်နေပြီဖြစ်သည်။

သတင်း

ပြည်သူကို ဂရုမစိုက်ကြဘဲ ကိုယ့်အုပ်စုမှ အကောင်များကိုသာ လူထင်တက် သော ရဲခ/စခများ ထုံးစံအတိုင်း ၎င်းတို့လူထိ၍ ထီးလင်းမြို့ပေါ် တွင် ပတ်ရမ်းလျှက်ရှိကာ မဆိုင်သူများအား ဖမ်းဆီးနေသည်ဟု YDF(ထီးလင်း)၏ ထုတ်ပြန်ချက်၌ဖော်ပြကာ ထီးလင်းမြို့ပေါ်သို့ မသွားရန် သတိပေးထားသည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။