Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမြို့နယ်တွင် KNDO တပ်ရင်း(၃)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ

အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။

(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)

▪️တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ တစ်ထောင် ကျော်တိုးလာပြီး ကျောင်းများလည်း ပိတ်ထားရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ (၅)နယ်မြေမှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KNUက သတင်းထုတ်ပြန်သည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ဃဲဒဲကျေးရွာအုပ်စုတွင် စက်တင်ဘာ ၇ရက်မှစ၍ စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ တိုက်ပွဲဆက်ဖြစ် နေသည်ဟု KNUက ယနေ့ (စက်တင်ဘာ ၁၀ရက် ) မွန်းလွဲပိုင်းတွင် ဖော်ပြထားသည်။

(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ – KNU)

၄ရက်ကြာပြီဖြစ်သည့် အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အတည်ပြုချက်မရသေးဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဃဲဒဲကျေးရွာအုပ်စုရှိ သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနှင့် ဃောထောခီးစသည့် ကျေးရွာပေါင်း (၉) ရွာမှ အိမ်ခြေ ၁၇၇အိမ်၊ လူဦးရေ ၁,၀၃၁ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ – KNU)

ထို့အပြင် ဃဲဒဲကျေးရွာအုပ်စုရှိ စာသင်ကျောင်း ခြောက်ကျောင်း ပိတ်ထားရကြောင်း အသိပေးထားသည်။

အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။

ယင်းဒေသရှိ စစ်ရှောင်များအပါအဝင် KNU ကျောက်ကြီးမြို့နယ်တွင် စစ်ဘေးရှောင်ရွာ ၄၅ရွာရှိပြီး အိမ်ခြေ သုံးထောင်ကျော်၊ လူဦးရေ ၁၇,၀၀၀ ကျော် စစ်ရှောင်နေကြရသည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ် ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ၎င်းတို့လိုက်ပါလာသော အိမ်စီးကားတစ်စီး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း Black Wolf PDF အဖွဲ့က ပြောသည်။

သတင်း

လက်ရှိမှာတော့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေထဲမှာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း(၄၅)ရွာက အိမ်ခြေစုစုပေါင်း(၃၁၈၂)အိမ်နဲ့ လူဦးရေစုစုပေါင်း(၁၇၀၆၇)ဦးအထိ တိုးလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ယမန်နေ့(စက်တင်ဘာ ၉ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့နယ် ချောင်းဆုံကျေးရွာမှ အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် ရင်းမကန်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ - ဝေါ်လေလမ်း အနီးတဝိုက် တွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။