Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် မူးယစ်တပ်ဖွဲ့ရဲသုံးဦး ပစ်ခတ်ခံရပြီးတစ်ဦးသေ၊ နှစ်ဦး အသက်လုနေရဟုဆို

“ကားနဲ့ လာပစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးတယ်တဲ့။ နှစ်ယောက် ဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်
ဖားကန့်

ဖားကန့်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးအပါအဝင် သုံးဦး သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးသည် ဆေးရုံ၌ အသက်လုနေရသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုလတ်အပါအဝင် ရဲသုံးဦးသည် မှော်ဝမ်းရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အနီးတွင် ယနေ့ညနေ ၅နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ကားနဲ့ လာပစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးတယ်တဲ့။ နှစ်ယောက် ဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲသုံးဦးအား ပစ်ခတ်သည့်အဖွဲ့ကို သိရလျှင်လည်း ထုတ်ပြောမည်မဟုတ်ဟု ဒေသခံအချို့က ဆိုသည်။

“ဆေးရုံက နှစ်ကောင်လည်း အခြေအနေမကောင်းဘူး ကြားတယ်” ဟု ဖားကန့်လူထုသပိတ်တွင် အမြဲတစေပါဝင်နေသူ ဒေသခံလူငယ်တစ်ဦးကပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

“စခနဲ့ရခ ပါင်းပြီး လူထုကို လက်နက်အားကိုးနဲ့ ဖိနှိပ်နေတာ။ သေတာတောင်နည်းသေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သြဂုတ် ၃ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း(၃၀)ဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲမှူးကိုကိုလွင်ဆိုသူ သေဆုံးခဲ့သည်။

စက်တင်ဘာ ၈ ရက်ကလည်း စစ်တွေနှင့်မန္တလေးမြို့တွင် ရဲအရာရှိနှစ်ဦး ပစ်ခတ်သုတ်သင်ခံလိုက်ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"(၁၀) မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်မှုအချို့ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

ပြီးခဲ့သည့် သြဂုတ်အတွင်းက ဒီပဲယင်းကွဲကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ သုံးရွာထက်မနည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

သတင်း

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ -ဝေါ်လေးလမ်းအနီးတဝိုက် ဒေသများ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်သည်။

သတင်း

ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ပြည်သူလူထုရဲ့မေတ္တာနဲ့ လုံခြုံဘေးကင်းလျက်ရှိတယ်လို့ ဆိုထားပါတယ်။