Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့

ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အားနည်းရခြင်းမှာ အရေအတွက်များများနှင့် မွေးထုတ်ပေးခဲ့သည့် ပြဿနာကြောင့် ဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။

▪️တိုက်ပွဲ ဦးဆောင်မှုပိုင်းအားနည်းခြင်း၊ တိုက်ခိုက် လိုစိတ်မရှိခြင်း၊ သတ္တိမရှိကြောက်ရွံ့ခြင်း၊ လက်နက် ခဲယမ်းအလွဲသုံးစားခြင်း၊ သောက်စားပျော်ပါးခြင်းစသည့် တပ်တွင်းအားနည်းချက်များကို ပြောဆို

▪️ဒရုန်းများအသုံးပြု တိုက်ခိုက်ခံရခြင်းကြောင့် ဆုံးရှုံးမှုများခဲ့ရဟုလည်း မင်းအောင်လှိုင်ပြော

ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားနေကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်၏ ကြည်း၊ရေ၊ လေ ပထမလေးလပတ်အစည်းအဝေး၌ ပြောကြားခဲ့ပြီး ထိုသို့ သေဆုံးထိခိုက်များပြားခြင်းနှင့်ပတ်သက်ပြီး လက်အောက်ငယ်သားများအပေါ် အပြစ်တင်ပြောဆိုခဲ့သည်။

ယခုနှစ် ဇွန်လ ၂၁ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) စစ်ဆင်ရေး ပထမလေးလပါတ်အစည်းအဝေးအတွင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက်များ ဖော်ပြထားသည့်တပ်တွင်းထိပ်တန်းလျိူ့ဝှက်စာများကို ပြည်သူ့ပန်းတိုင်က ယနေ့(စက်တင်ဘာ ၁၀ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့
တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့

ယင်းစာတွင် ယခုနှစ် ဇန်နဝါရီ၊ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလေးလပတ် ကာလနှင့်မေလအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများပြားသည့် ဖြစ်စဉ်များကို သုံးသပ်ရာ ဖြစ်စဉ်အားလုံးနီးပါးသည် စစ်ကောင်စီတပ်၏ အားနည်းချက်ကြောင့်ဟု မင်းအောင်လှိုင်က ၎င်း၏ တပ်ကို အပြစ်ဖို့သည်။

တပ်နေရာချထားမှုမမှန်ခြင်း၊ ချီတက်ရှင်းလင်းမှု မမှန်ခြင်း၊ တပ်တည်လိမ်လည်တင်ပြခြင်းများကြောင့် ဖြစ်ပြီး သင်ကြားပေးထားသည့် စစ်အတက်ပညာဖြစ်သော စစ်နည်းဗျူဟာနှင့်ပစ်ခတ်မှု စနစ်များ အသုံးမချနိုင်ခြင်းကြောင့် ဖြစ်သည်ဟု မင်းအောင်လှိုင်က ၎င်း၏ လက်ပါးစေများကို အသုံးမကျကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

ရန်သူ့ဌာနချုပ်နေရာများအား တစ်ခုမှ ထိုးစစ်ဆင်ခြင်း မလုပ်ခဲ့သည်မှာ NCA လက်မှတ်ထိုးထားသည့် အတွက်ဖြစ်ပြီး တပ်စခန်းကို လာတိုက်ပါက တန်ပြန် တိုက်ခိုက်ရသည်များရှိကြောင်း၊သတ်မှတ်ပေးထားသည့် နယ်မြေကျော်လွန် ဝင်ရောက်လှုပ်ရှားသည့် အဖွဲ့များကိုလည်း တိုက်ခိုက်ရကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲတွင် ဦးဆောင်သည့်ခေါင်းဆောင်များ အားနည်းသည်ဟုလည်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့
တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့

ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အားနည်းရခြင်းမှာ အရေအတွက်များများနှင့် မွေးထုတ်ပေးခဲ့သည့် ပြဿနာကြောင့် ဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။

စစ်ထွက်များကို လိမ်လည်တင်ပြနေပြီး တိုက်စစ် ဖြစ်စေ၊ ခံစစ်ဖြစ်စေ တပ်နေရာချထားမှုနှင့် တပ်ဖြန့်ခွဲမှုကို စနစ်တကျ မလုပ်ဆောင်သည့်အတွက် ဆုံးရှုံးမှုများပြားလာကြောင်း၊ လုပ်ရဲကိုင်ရဲသည့် သတ္တိမရှိဘဲ ကြောက်ရွံ့ကာ အမိန့်နာခံမှု မရှိသည့် ဖြစ်စဉ်များ တွေ့နေရကြောင်း မင်းအောင်လှိုင်က ပြောကြားသည်။

ရန်သူနှင့် တိုက်ပွဲဖြစ်စဉ်များတွင် နိုင်ငံခြားသား Free Burma Ranger အကြံပေးအဖွဲ့များ ပါဝင် လာသကဲ့သို့ ဒရုန်းများ အသုံးပြုကင်းထောက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ပြုလုပ်လာကြောင်း၊ တပ်လှုပ်ရှားမှုအား ဒရုန်းဖြင့် ကင်းထောက်ပြီး တိုက်ခိုက်လာ၍ ဆုံးရှုံးမှု များလာခဲ့သည်ဟု မင်းအောင်လှိုင်က ပြောသည်။

တိုက်ပွဲဖြစ်စဉ်များတွင် ကျည်သုံးစွဲမှု များလာကာ လက်နက်များ ထိရောက်စွာ ပစ်ခတ်နိုင်ခြင်းမရှိဟုလည်း မင်းအောင်လှိုင်က ပြောဆိုကာ သေနတ်မှ ကျည်ဆန်ထွက် ပြီးရော ပစ်ခတ်နေသည်ဟု လက်အောက်ငယ်သားများအား အပြစ်တင်သည်။

ထို့ပြင် လက်နက်ခဲယမ်း မီးကျောက်အလွဲသုံစားမှုသည် သူခိုးကို ဓားရိုးကမ်းခြင်း ဖြစ်သည့်အတွက် ခဲယမ်းမီးကျောက်များ အပိုမထားခိုင်းဘဲ အကယ်၍ အပိုထားပါကလည်း အမြဲတမ်းစိစစ် နေရန်လိုကြောင်း၊ မိမိလက်နက်ကို အခြားသူထံ လက်ဝယ်သွားပေးသည်မှာ သေဒဏ်ထိုက်သည့် အမှုဖြစ်ကြောင်းလည်း မင်းအောင်လှိုင်က ခြိမ်းခြောက်ခဲ့သည်။

အုပ်ချုပ်မှု ဖြစ်စဉ်အချို့၌ အပြင်ထွက်သောက်စားပျော်ပါး၍ ဖြစ်နေသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့
တိုက်ပွဲများတွင် သေဆုံးထိခိုက်များပြားနေမှုကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြီး လက်အောက်ငယ်သားများအား အပြစ်ဖို့

ခေါင်းဆောင်များကလည်း တိုက်ခိုက်လိုစိတ်၊ တိုက်ရဲခိုက်ရဲစိတ် ရှိရန်လိုအပ်ပြီး စစ်မြေပြင် စည်းကမ်းနှင့် စစ်စည်းကမ်းများကိုလည်း လိုက်နာရန်လိုကြောင်း၊ မသွားသင့်သည့်နေရာ မစားသင့်သည့်အစား မပေါင်းသင့်သည့် လူ၊ မလုပ်သင့်သည့် အလုပ်ဆိုသည့် သင့် ၄သင့်ကို ရှောင်ရှားပြီး စည်းကမ်း တကျ နေထိုင်စေရေး ကြပ်မတ်ရန်လိုအပ်သည်ဟုလည်း မင်းအောင်လှိုင်က ပြောသည်။

အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် ဆောင်ပုဒ်မှာ တပ်ကိုကောင်းအောင်လုပ်၊ စစ်ကိုနိုင်အောင်တိုက်၊ ပြည်သူချစ်အောင်လုပ်ဖြစ်၍ ဆောင်ပုဒ်ပါ အချက် ၃ချက်ဖြင့် မည်မျှ လုပ်ဆောင်နိုင်သည်ကို သုံးသပ်ရန်လိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

အဆိုပါ တပ်မ (၄၄)သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ သေဆုံးထိခိုက်များပြားလျက်ရှိသည့် တပ်ဖြစ်ပြီး ၎င်းတပ်မှ တပ်ဖွဲ့ဝင်အများအပြား တပ်ကို စွန့်ကာ KNU ထံ ခိုလှုံခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ထို့ပြင် တပ်မ (၄၄) ထံမှ လက်နက်ခဲယမ်းအများအပြားကိုလည်း KNU ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းက သိမ်းပိုက်ရရှိမှုများ မကြာခဏ ရှိခဲ့သည်။ ကော်ဘရာ စစ်ကြောင်း၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာခဲ့ရမှုကို ရှေ့တန်း စစ်မြေပြင်မှ ဖမ်းဆီးရမိခဲ့သည့် တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ထွက်ဆိုခဲ့ခြင်းများရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။

သတင်း

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့၍ မိုးဗြဲမြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက အသိပေးထားသည်။