Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် စစ်ကောင်စီတပ်က ရပ်ကျေးထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ပြု

ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။

​(ရေဦးမြို့ရှိ ကြားဖူးအဝိုင်းအား တွေ့ရစဥ်) ဓါတ်ပုံ-Cj
​(ရေဦးမြို့ရှိ ကြားဖူးအဝိုင်းအား တွေ့ရစဥ်) ဓါတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ပါမှ မြို့အပြင်ထွက်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်ရှိ စစ်ကောင်စီတပ်သည် ခင်ဦး – ရွှေဘို – မန္တလေးမြို့ဘက်သို့ သွားရောက်ကြမည့် ကား၊ဆိုင်ကယ်၊ ခရီးသွားပြည်သူများအား မှတ်ပုံတင်ပါရုံဖြင့် ခရီးသွားလာခြင်းများ လုံးဝခွင့်မပြုကြောင်း၊ စစ်ကောင်စီက ခန့်ထားသည့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် လက်မှတ်ပါရှိမှသာ ခရီးသွားလာခွင့်ပြုကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကြားဖူးအဝိုင်း၌ ခရီးသွားပြည်သူများအား မှတ်ပုံတင်နှင့် ရပ်ကျေးထောက်ခံစာပါ၊မပါ နေ့စဥ်စစ်​ဆေးနေပြီး မပါပါက ငွေညှစ်ခြင်း၊ ဖြတ်သန်းခွင့်မပြုခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံတို့က ပြောသည်။

“ငယ်တဲ့သူတွေဆိုရင် မှတ်ပုံတင်ထဲကမွေးသက္ကရာဇ်ကို ရက်လအတိအကျပြောနိုင်မှလွှတ်ပေးတာပါ။”ဟု ရေဦးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးမြို့ရှိ ကြာဖူးအဝိုင်းအပြင် မူးတံတားအရှေ့ဘက် ခင်ဦးနယ်အနောက်ခြမ်း အင်းပတ်ကွေ့(အင်းပတ်ရွာအနီး)ရထားသံလမ်းကူးတို့တွင် ဂိတ်ဖွင့်ထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးအကြမ်းဖက်လေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ယင်းဂိတ်များကို အထူးဂရုစိုက်၍ ဖြတ်သန်းသွားလာကြပါရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲများပြင်းထန်နေချိန်တွင် ရခိုင်လူမျိုးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးနေသည်။

သတင်း

"ထိုတိုက်ပွဲတွင် ရခ (၃ )ကောင်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိဟုသိရှိရပါသည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့၍ မိုးဗြဲမြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။