Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသတွင် PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ - TYF
မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ - TYF

လက်နက်အင်အားမမျှ၍ စခန်းတစ်ခု မီးရှို့ဖျက် ဆီးခံလိုက်ရကြောင်း မကွေးတိုင်း၊ ယောဒေသအခြေစိုက်The Youth Force (Saw&Kyaukhtu) က ယနေ့(စက်တင်ဘာ ၁၁ ရက်).ထုတ်ပြန် သည်။

ယမန်နေ့(စက်တင်ဘာ ၁၀ ရက်)က အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၇၇)မှ အင်အား ၉၀ပါအဖွဲ့သည် စစ်ကြောင်းထိုး၍ TYF ၏ နယ်မြေအတွင်းဝင်ရောက်လာခြင်းဟု ဆိုသည်။

“ကျောက်ထု အမြှောက်တပ်က နေထွက်လာတာ။ထိပ်တိုက်ယှဥ်ပစ်ဖို့က အင်အား မမျှတော့ စခန်းကိုစွန့်လိုက်တယ်”ဟု TYF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ - TYF
မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ – TYF

TYFတပ်ဖွဲ့ဝင်များ ဘေးကင်းပြီးစစ်အသုံး အဆောင်ပစ္စည်းများ တစ်စုံတစ်ရာပါဝင်သွားခြင်း မရှိသော်လည်း စခန်း၏တဲများကို အကြမ်း ဖက်စစ်ကောင်စီတပ်က မီးရှို့သွားခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် စခန်းအနီးအနားရှိ ​ပြည်သူများ၏တဲများနှင့် လှည်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း ဖော်ပြသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ဇမ္မူတောင်အနီးအနားတွင် စစ်ရေးလှုပ် ရှားလျက်ရှိနေသေးကြောင်းလည်း TYF က ဆိုသည်။

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် TYF အနေ​​ဖြင့် လက်နက်ပစ္စည်းကူညီထောက်ပံ့မှုများရရှိရေးကို တော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ မျှော်လင့်နေရဆဲသာဖြစ်ကြောင်း အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။

သတင်း

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

သတင်း

စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ် ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ၎င်းတို့လိုက်ပါလာသော အိမ်စီးကားတစ်စီး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း Black Wolf PDF အဖွဲ့က ပြောသည်။

သတင်း

ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်​ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။