Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ်ရှိ တပ်ပိုင်အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ရဲသုံးဦးသေ

“ထိုတိုက်ပွဲတွင် ရခ (၃ )ကောင်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိဟုသိရှိရပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

(RDF(PKU)တပ်ဖွဲ့ဝင်များ စစ်ရေးလေးကျင့်နေစဥ်)
(RDF(PKU)တပ်ဖွဲ့ဝင်များ စစ်ရေးလေးကျင့်နေစဥ်)

▪️လက်နက်သွားကောက်သည့် PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တပ်ပိုင်အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အား ပစ်ခတ်တိုက်ခိုက်ရာ ရဲသုံးဦးသေဆုံးကြောင်း Royal Defence Force R.D.F(PKU)အဖွဲ့က ယနေ့ (စက်တင်ဘာ ၁၁)ထုတ်ပြန်သည်။

တပ်ပိုင် အမှတ်(၁၁)ချည်မျှင်နှင့် အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား စက်တင်ဘာ ၈ ရက်က ချောက်ကန်နှင့် ကိုးပင်ရွာကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုတိုက်ပွဲတွင် ရခ (၃ )ကောင်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိဟုသိရှိရပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ပွဲတွင် ရဲဘော်များလက်နက်ရရှိရေးအတွက် ရန်သူ့လက်နက်များသွားကောက်စဥ် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနှင့် ရဲဘော် မောင် Snake တို့နှစ်ဦးကျဆုံးပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

“လက်နက်က အဖွဲ့အတွက်အလွန်ကို အရေးကြီးပါတယ်ဗျ။ ပိုက်ဆံရှိတောင် ဝယ်လို့မလွယ်တာဆိုတော့ တပ်ဖွဲ့ဝင်တိုင်း အရမ်းမက်မောတာပါ”ဟု RDF(PKU)မှ ရဲ ဘော်တစ်ဦးက မှတ်ချက် ပေးသည်။

အထက်ပါတိုက်ပွဲတွင် RDF(PKU)တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည့်အပြင် M3 လက်နက် တစ်လက်ပါ ဆုံးရှုံးခဲ့ရသော်လည်း စစ်ကောင်စီတပ်အား ဆက်လက်တိုက်ခိုက် လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲများပြင်းထန်နေချိန်တွင် ရခိုင်လူမျိုးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးနေသည်။

သတင်း

ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။

သတင်း

ရှေ့တန်းစစ်မြေပြင်၌ စစ်ကောင်စီတပ်များ စိတ်ဓာတ်ပျက်ပြားနေပြီး ဗျူဟာမှူးကိုယ်တိုင်က ချော့မော့၍ မနည်းထိန်းသိမ်းနေရကြောင်း ခမရ(၈)တပ်ခွဲမှ CDM တပ်သားဇော်ထွဋ်က ပြောကြားသည်ဟု ဖော်ပြထားသည်။

သတင်း

ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။