Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးများရမ်းပစ်နေ၍ မြဝတီ – ဝေါ်လေလမ်းကို သတိထားအသုံးပြုရန် ကော်ဘရာစစ်ကြောင်းနှိုးဆော်

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှုများ ရှိသဖြင့် ဒေသခံပြည်သူများကို ကော်ဘရာ စစ်ကြောင်းက အထူးသတိထားရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုဆက်လုပ်နေ၍ လမ်းအသုံးပြုသူများ သတိထားသွားလာရန် ကော်ဘရာစစ်ကြောင်းက သတင်းထုတ် ပြန်သည်။

အဆိုပါ လမ်းပိုင်းရှိ သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားကုန်းတွင် အခြေပြုထားသော အကြမ်းဖက်စစ် ကောင်စီ၏ (၁၂၀)မမ လက်နက်ကြီးဖြင့် ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော နေရာများသို့ မှန်းဆကာ ယနေ့ (စက်တင်ဘာ ၁၁) ညနေ ၅နာရီခန့်မှစတင်၍ ယခုညပိုင်းအထိ ရမ်းသမ်းပစ်ခတ်နေသည် ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှုများ ရှိသဖြင့် ဒေသခံပြည်သူများကို ကော်ဘရာ စစ်ကြောင်းက အထူးသတိထားရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကော်ဘရာစစ်ကြောင်း လှုပ်ရှားရာ ဒေသသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေသကဲ့သို့ လက်နက်ကြီး ပစ်ကူ လေကြောင်း ပစ်ကူရယူပြီး ထိုးစစ်ဆင်မှုများ မကြာခဏပြုလုပ်ခဲ့ရာ ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ရက်စ၍ ယနေ့ထိ (၄) ရက်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ရန် ပြည်သူများအား KNDFက တိုက်တွန်းသည်။

သတင်း

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။