Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(မြို့နယ်ခန်းမအား တွေ့ရစဉ်၊ ပုံအဟောင်းအား ပြန်လည်အသုံးပြုထားခြင်းဖြစ်ပါသည်)
(မြို့နယ်ခန်းမအား တွေ့ရစဉ်၊ ပုံအဟောင်းအား ပြန်လည်အသုံးပြုထားခြင်းဖြစ်ပါသည်)

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ရွှေပြည်သာ မြေအောက် တော်လှန်ရေးအဖွဲ့(SPTUG)အဖွဲ့က ယနေ့(စက်တင်ဘာ ၁၁)ထုတ်ပြန်သည်။

ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“စခ အသေအပျောက် ရှိနိုင်ပါတယ်။ ဒါပေမဲ့ မှောင်နေတာရယ် မိုးရွာနေတာရယ်ကြောင့် အတိအကျတော့ မငိရသေးပါဘူး”ဟု SPTUG အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ စီးနင်းသော ဆိုင်ကယ်များအား နေ့စဥ် မတရားသဖြင့်ဖမ်းဆီးကာ အနိုင်ကျင့် နှိပ်စက်နေခြင်း၊ ဖမ်းဆီးထားသော ဆိုင်ကယ်များအား ရပ်ကျေး၊ ဒလန်များထံသို့ပြန်လည် ရောင်းချခြင်းစသည့်လုပ်ရပ်ဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် နှိပ်စက်အနိုင်ကျင့်နေခြင်းများကြောင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အထက်ပါ တိုက်ခိုက်မှုအတွင်း SPTUG အဖွဲ့များ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ လုံခြုံဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

စက်တက်ဘာ ၆ ရက်ကလည်း ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ရက်စ၍ ယနေ့ထိ (၄) ရက်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ရန် ပြည်သူများအား KNDFက တိုက်တွန်းသည်။

သတင်း

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

မြို့တဝိုက်မှာ ဝေလငါးတွေ၊ လင်းပိုင်တွေနဲ့ တခြား ပင်လယ်နေ သတ္တဝါတွေကို နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ လိုက်ပါ ပို့ဆောင်ပေးတဲ့ ခရီးစဉ်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်း ရှိနေကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။