Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်အနီးကပ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေဟု ကရင်နီတပ်ပြော

တိုက်ပွဲမှာ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး မီတာ ၃၀ သာကွာဝေးသည့် ထိတွေ့မှု မျိုးဖြစ်ကြောင်း အသိပေးသည်။

(ကရင်နီတပ်မတော်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)
(ကရင်နီတပ်မတော်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက် နေ့လည် ၁၂ နာရီ ၂၃ မိ နစ်ခန့်ကစ၍ ဒေါညေးခူကျေးရွာသို့ ဝင်ရောက် လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၄နှင့် တပ် ရင်း -၁၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆို သည်။

တိုက်ပွဲမှာ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး မီတာ ၃၀ သာကွာဝေးသည့် ထိတွေ့မှု မျိုးဖြစ်ကြောင်း အသိပေးသည်။

ထိတွေ့မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေ ဆုံးသည်ကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်းလည်း KA က ပြော သည်။

ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ )ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“လက်ရှိဒေသတွင်းမှာ စစ်ဘောင်က အရင်ထက် တော်တော့်ကို သိသိသာသာနဲ့ အရင်ကာလတွေထက် ကျယ်နေတယ်။မိုးဗြဲမှာလည်း ရက်ဆက်နေသလို လွိုင်ကော် ဘက်မှာလည်း အပြင်းအထန်ဖြစ်နေတယ်။စကစက ဘက်ပေါင်းစုံသွေးထိုးစမ်းပြီး တိုးလာနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ တိုက် ပွဲမှာ ယနေ့အထိ ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က အများအပြားသေဆုံးနေပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော် များလည်း ထိခိုက်ကျဆုံးမှုအချို့ရှိနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများတွေ့ရှိပါက ယာဥ်ကိုပါ သိမ်းဆည်းအရေးယူမည်ဟု သတိပေးသည်။

သတင်း

ကာကွယ်ရေးဝန်ကြီးက ပြည်သူ့သားကောင်းများသို့ စက်တင်ဘာ ၁၁ရက် ရက်စွဲဖြင့် ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

"တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲရှိတယ်။ပင်လောင်း ဘက်ကနေပါ စကစ ဘက်က အင်အားဖြည့် နေတယ်"ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

သတင်း

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ရက်စ၍ ယနေ့ထိ (၄) ရက်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ရန် ပြည်သူများအား KNDFက တိုက်တွန်းသည်။