Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ် အင်းမထီးရွာသားများအပြင်ထွက်ပါက PDFကသတ်မည်ဟု စစ်အုပ်စု ခြိမ်းခြောက်ထိန်းချုပ်ထား

အင်းမထီးကျေးရွာသည် စစ်ကောင်စီတပ် အထိုင် ချထားပြီး ပျူစောထီး အားကောင်းသည့်ရွာဖြစ် ၍ ပျူရွာအ​ဖြစ် နာမည်ကြီးသည်။

ပုလဲနယ်
ပုလဲနယ်

စသ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများက ဒေသခံများ ရွာအပြင်ထွက်ပါက PDFက သတ်ဖြတ်လိမ့်မည်ဟု ခြိမ်းခြောက်ထားပြီး အရပ်သားများကို နည်းမျိုးစုံထိန်းချုပ်ထားသည်ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်များက ပြောသည်။

အင်းမထီးကျေးရွာသည် စစ်ကောင်စီတပ် အထိုင် ချထားပြီး ပျူစောထီး အားကောင်းသည့်ရွာဖြစ် ၍ ပျူရွာအ​ဖြစ် နာမည်ကြီးသည်။

သို့သော် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ​ဒေသခံများလည်း အများအပြားရှိနေပြီး ယင်းဒေသခံများသည် စစ်ကောင်စီနှင့်ပျူစောထီးများက ခြိမ်းခြောက်ထား၍ ကျေးရွာအတွင်း ပိတ်မိနေသည်။

” ပိတ်မိနေတာတွေရှိတယ်။ ထွက်ပြေးလာသူတွေလည်း ရှိတယ်။ကျန်နေတဲ့ ပြည်သူတွေကို မှိုင်းသွင်းထားတာက ထွက်တာနဲ့ PDF တွေကသတ်မှာဆိုပြီး မှိုင်းတိုက်ထားတယ်”ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၆)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပိတ်မိနေသည့် ဒေသခံများ အခြေအနေပေးသည် နှင့်တပြိုင်နက် ထွက်လာခဲ့ရန်နှင့် စစ်ကောင်စီနှင့်ပျူစောထီးများ မှိုင်းတိုက်ထားသလို အန္တရာယ် ပြုမည်မဟုတ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

အင်မထီးရွာမှ ပျုစောထီးများသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းဖြင့် လိုက်ပါကာ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ အကြမ်းဖက် မွှေနှောက်နေသည်။

စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ခန့်သည် စက်တင်ဘာ ၉ရက်က လှော်ကားနှင့်တနယ် ကျေးရွာ ဝင်ရောက်ကာ ဒေသခံများ​၏ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များကို လှည်း ၃၇စီးဖြင့် သယ်ထုတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တနယ်ရွာမှ အမျိုးသားတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။

သတင်း

လက်နက်အင်အားမမျှ၍ စခန်းတစ်ခု မီးရှို့ဖျက် ဆီးခံလိုက်ရကြောင်း မကွေးတိုင်း၊ ယောဒေသအခြေစိုက်The Youth Force (Saw&Kyaukhtu) က ယနေ့(စက်တင်ဘာ ၁၁ ရက်).ထုတ်ပြန် သည်။ ယမန်နေ့(စက်တင်ဘာ ၁၀ ရက်)က အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၇၇)မှ အင်အား ၉၀ပါအဖွဲ့သည် စစ်ကြောင်းထိုး၍...

သတင်း

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။