Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ်ရှိ ကြားကာလပညာရေးအစီအစဥ် အခက်အခဲအချို့ကြုံနေ

အရာတော်မြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး စစ်တပ်၏ အငြှိုးထား အကြမ်းဖက်ဖျက်ဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

(စစ်ကိုင်းတိုင်း၊ မြောင်နယ်ရှိ ကြားကာလပညာရေးအစီအစဥ်တစ်ခုအား တွေ့ရစဥ်။ဓာတ်ပုံ-ကိုနွေဦး-မြောင်)
(စစ်ကိုင်းတိုင်း၊ မြောင်နယ်ရှိ ကြားကာလပညာရေးအစီအစဥ်တစ်ခုအား တွေ့ရစဥ်။ဓာတ်ပုံ-ကိုနွေဦး-မြောင်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကြားကာလပညာရေးအစီအစဥ်နှင့် ပတ်သက်ပြီး အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာများ မီးရှို့ဖျက်ဆီးခံနေရခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မည်သည့်စီးပွားရေးမှမလုပ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် ကြားကာလပညာရေးအတွက် အလှူငွေများမရတော့ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရှေ့ဆက်သွားရတဲ့ အချိန်မှာ ပြည်သူတွေက ခက်ခဲကြတော့ အလုပ် တွေက ရှေ့မရောက်တော့ဘဲ ရပ်ဆိုင်းရမလိုလို ဖြစ်နေပါတယ်။ရွာမှာက ဆယ်လီမရှိ၊ နိုင်ငံခြားအလှူငွေ မရှိ၊ မြို့နယ်ကလဲ ပံ့ပိုးမှူမရှိတဲ့အခါ အတော်ကို ခက်ခဲပါတယ်။ အင်တာနက်လေးရဖို့ ခက်ခက်ခဲခဲ သုံးနေရချိန် အလှူခံပို့စ်လေးတင်ပြန်တော့ လှူမဲ့သူကနည်းပါတယ်။ ကျွန်တော်တို့ရွာဘက်တွေက အလကားသင်ပေးနေပေမဲ့ ကျောင်းလာဖို့တောင်အနိုင်နိုင်ဖြစ်နေပါတယ်။”ဟု Ayadaw Bone Naing PDFအဖွဲ့က. ပြောသည်။

ပညာရေးအစီအစဥ်အပြင် PDFအဖွဲ့အချို့လည်း လှူသူနည်း၍ အခက်အခဲအချို့ ကြုံတွေ့နေရသည်ဟု Ayadaw Bone Naing PDFအဖွဲ့က ပြောသည်။ လက်ရှိတွင် ကျေးရွာပြည်သူများ၏ လုပ်အားခတချို့တဝက်ဖြင့် ခရီးဆက်နေရသည် ဟု ၎င်းအဖွဲ့က ပြောသည်။

အရာတော်မြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး စစ်တပ်၏ အငြှိုးထား အကြမ်းဖက်ဖျက်ဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း(၁၅၅) ရွာရှိရာ ကျေးရွာ (၅၄)ရွာတွင် ကြားကာလပညာရေးကို ကိုယ်ထူကိုယ်ထအနေဖြင့် အကောင်အထည် ဖော်နေကြပြီး CDM ဆရာ၊ ဆရာမများ၊ ရွာခံ CDM တက္ကသိုလ်ကျောင်းသားလူငယ်များက ကူညီစာသင်ပြပေးနေကြကြောင်း ဒေသတွင်း ပညာရေးဆောင်ရွက်ပေးနေသူများက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုအသိပေးထုတ်ပြန်သည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုရန်ရာထားသည့် နမူနာမေးခွန်းပုံစံလည်း ဖြစ်သည်။

သတင်း

လက်ရှိ အခန်းဆုံးစစ်ဆေးမှုကို Grade - 4 မှ Grade - 11 အထိ စစ်ဆေးနေခြင်းဖြစ်ပြီး ကြားကလပညာရေးကျောင်း (၇၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ကျော် ဝင်ရောက်ဖြေဆိုနေခြင်း ဖြစ်သည်။

သတင်း

ထို့အပြင် သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း လုပ်ငန်းစဉ်များအား ထိန်းသိမ်းမြှင့်တင်ပေးရန်၊ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရေးအား ကြပ်မတ်ထိန်းသိမ်းရန်၊ပြည်သူလူထုအား တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန်ဖြစ် သည်ဟု ဖော်ပြသည်။

သတင်း

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှတစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်းဖော်ပြသည်။