Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့ ကယန်းသာယာလမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိုင်းများသွားလာခြင်းမပြုရန် KNDF သတိပေး

အလားတူ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများတွေ့ရှိပါက ယာဥ်ကိုပါ သိမ်းဆည်းအရေးယူမည်ဟု သတိပေးသည်။

(KNDF ရဲဘော်များအား တွေ့ရစဉ်)
(KNDF ရဲဘော်များအား တွေ့ရစဉ်)

လွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိုင်းများသွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း -၂က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက် ၉နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့မှု စတင် ဖြစ်ပွားနေခြင်းဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကယန်းသာ ယာသို့ဖြတ်သောလမ်းမကြီးနှင့် လမ်းပိုင်းများကိုအသုံးမပြုကြရန်နှင့် တိုက်ပွဲသတင်းများကို နားစွင့်ရန် KNDF တပ်ရင်း (၂)က တိုက်တွန်းသည်။

“ဒီလ ၉ ရက် နေ့ကတည်းက လွိုင်ကော်မှာလည်း တိုက်ပွဲ ပြန်ဖြစ်လာတယ်။အဓိကတော့ စကစ ဘက်က စစ်ကြောင်း တပ်ဖြန့်လာတာလို့ သိရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ​ပြောသည်။

ထို့အပြင် လက်ရှိစစ်ရေးအခြေအနေကြောင့် လွိုင်ကော် – မော်ချီး လမ်းပိုင်းကိုလည်း တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး သုံးရက်သာလမ်းဖွင့်မည်ဟု ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများတွေ့ရှိပါက ယာဥ်ကိုပါ သိမ်းဆည်းအရေးယူမည်ဟု သတိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်းလောင်းကစားဝိုင်းများသောင်းကျန်းနေ၍ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတိပေးကြေညာသည်။

သတင်း

စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက် အတိအကျကို စုံစမ်းလျက်ရှိတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

သတင်း

မတ္တရာနှင့် ဝက်လက်မြို့နယ် အစပ်၌ရှိသည့် အဆိုပါ ရေလည်ကျွန်းဒေသ၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ပေါင်းစုံရှိသည်ဟု ဒေသခံက ပြောသည်။

သတင်း

ယခုလ ၈ ရက်ကစတင်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ယမန်နေ့ ညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ သေဆုံးသူ ၆၀ထက်မနည်းရှိကြောင်း မိုးဗြဲ PDFက ဆိုသည်။