Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM ပြုလုပ်ပြီး PDF အဖြစ်တာဝန်ထမ်းဆောင်နေသည့် စစ်သားနှင့် ရဲ ၁၇ဦးကို ဂုဏ်ပြုပွဲပြုလုပ်

အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ရာ ပြည်သူနှင့်အတူ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည့် ရဲဘော်များ၏ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်းဖော်ပြခဲ့သည်။

ဓာတ်ပုံ - Ministry of Defence - National Unity Government of Myanmar
ဓာတ်ပုံ - Ministry of Defence - National Unity Government of Myanmar

စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်သားနှင့် ရဲ ၁၇ဦးကို ဂုဏ်ပြုသည့် အခမ်းအနားပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ပြည်သူ့ခုခံတွန်းလှန်စစ် (၁)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အမှတ် (၃)တပ်ရင်းနှင့် အမှတ် (၅)တပ်ရင်းတို့တွင် CDM ဝင်ရောက်လာပြီး PDF ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေကြသော CDM စစ်သား၊ ရဲများအား ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ရာ ပြည်သူနှင့်အတူ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည့် ရဲဘော်များ၏ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်းဖော်ပြခဲ့သည်။

“ အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအဖြစ်ခံယူပြီးဖြစ်ရုံမက လက်တွေ့တော်လှန်ရေးမှာ ပါဝင်နေကြပြီးလည်းဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်။ စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံသာမက အခုဆိုရင် စစ်တိုက်နိုင်စွမ်းလည်း မရှိ၊ အပြစ်မဲ့ပြည်သူကိုရန်ရှာပြီး မီးရှို့သတ်ဖြတ်ဖို့သာတတ်နိုင်တော့တဲ့ လက်မရွံ့ လူသတ်၊ ဓါးပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့ နေဝင်ချိန်မဝေးတော့ဘူးဆိုတာကို ပြတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

CDM ရဲဘော်များသည် ဂန့်ဂေါခရိုင် အမှတ် (၃)နှင့် အမှတ် (၅)တပ်ရင်းများတွင် (၁)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။

အခမ်းအနားသို့ တိုင်း၊ ခရိုင် တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ ပကဖ၊ ပအဖ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး CDM ရဲဘော်များမှ ၎င်းတို့ CDM ပြုလုပ်စဉ်ပါလာသည့် လက်နက်များအားအပ်နှံခြင်း၊ CDM ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စုံစမ်းသိရှိမှုအရ စစ်ကောင်စီတပ်များသည် ၎င်းတို့ပစ်သော လက်နက်ကြီး နှစ်လုံးမှာ ၎င်းတို့အနားပြန်ကျ၍ အထိအခိုက်အများအပြားရှိခဲ့သည်ဟု Tiger King အဖွဲ့က ဆိုသည်။

သတင်း

ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ထို့အပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများလည်း မကြာခဏကြုံနေရသည်။