Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေးကေကော်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေ

စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက် အတိအကျကို စုံစမ်းလျက်ရှိတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

လေးကေကော်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေ
လေးကေကော်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေ

လေးကေကော်မြို့သစ်မှာ မနေ့ညပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ စက်တင်ဘာ(၁၁)ရက် ညရှစ်နာရီခွဲခန့်က တပ်မဟာ(၆)နယ်မြေ လေးကေကော်မြို့သစ်ရှိ KNLA တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၁)လုံခြုံရေးတာဝန်ယူထားတဲ့ ရပ်ကွက်မှာ(၆)မှာ နယ်မြေကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်တော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက် အတိအကျကို စုံစမ်းလျက်ရှိတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ဒါ့အပြင် မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က (၁၂၀)မမ လက်နက်ကြီးတွေနဲ့ KNLA တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့နေရာကို ဒီကနေ့ စက်တင်ဘာ(၁၂)ရက်နေ့ မနက်တစ်နာရီကနေ သုံးနာရီအထိနဲ့ မနက်ကိုးနာရီကနေ (၁၁)နာရီခွဲခန့်အထိ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ ဘေးကင်းလုံခြုံလျက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စုံစမ်းသိရှိမှုအရ စစ်ကောင်စီတပ်များသည် ၎င်းတို့ပစ်သော လက်နက်ကြီး နှစ်လုံးမှာ ၎င်းတို့အနားပြန်ကျ၍ အထိအခိုက်အများအပြားရှိခဲ့သည်ဟု Tiger King အဖွဲ့က ဆိုသည်။

သတင်း

ဘုတလင်မြို့နယ် ကူတော်ရွာအနီးတွင် စက်တင်ဘာ ၉ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်​ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

သတင်း

မတ္တရာနှင့် ဝက်လက်မြို့နယ် အစပ်၌ရှိသည့် အဆိုပါ ရေလည်ကျွန်းဒေသ၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ပေါင်းစုံရှိသည်ဟု ဒေသခံက ပြောသည်။