Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် မန္တလေးရှိ လောင်းကစားဝိုင်းများ အမြန်ဆုံးပိတ်သိမ်းရန် ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များသတိပေး

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်းလောင်းကစားဝိုင်းများသောင်းကျန်းနေ၍ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတိပေးကြေညာသည်။

(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)
(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင်လောင်းကစားဝိုင်းများအမြန်ဆုံးပိတ်သိမ်းရန် ဒေသတွင်းပြည်သူ့အဖွဲ့အစည်းများက သတိပေးလိုက်သည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နေရာအချို့တွင်လောင်းကစားဝိုင်းများသည် အကြမ်းဖက်စစ်ကောင်စီက လိုင်းကြေးကောက်ခံပြီး တွင်တွင်ကျယ်ကျယ်ပြုလုပ်လျက်ရှိကြောင်းနှင့် ဆူပူသောင်းကျန်းမှုအသွင်ဆောင်လာသည်ကို သတင်းအချက်လက်များ ရရှိထားသည်ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု(WTRF)က အသိပေးသည်။

ထို့ကြောင့်လောင်းကစားဝိုင်းများမပြုလုပ်ရန်နှင့်လောင်းကစားဝိုင်းများသို့သွားရောက်ခြင်းမပြုကြရန် သတိပေးလိုက်ကြောင်း၊ ယခုကဲ့သို့ သတိပေးသည်အချိန်မှစ၍ ထပ်မံပြုလုပ်လာမည်ဆိုလျှင်လည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း WTRFက သတိပေးသည်။

(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)
(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်းလောင်းကစားဝိုင်းများသောင်းကျန်းနေ၍ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတိပေးကြေညာသည်။

လက်ရှိအခြေအနေသည် စစ်ကောင်စီတပ်ကို ပြင်းထန်စွာခုခံတော်လှန်နေသည့်ကာလဖြစ်ပြီး ပြည်သူများ စားဝတ်နေရေးအတွက်ပါ ရုန်းကန်နေရသည့်အချိန်ဖြစ်ကြောင်း၊ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများကြောင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထိုကစားဝိုင်းများအား တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံခဲ့သည်ဟု မြင်းမူ ပြည်သူ့လုံခြုံရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် မလိုက်နာ၍ အသံဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ယခုစာပြန်သည့်အချိန်မှစ၍ ပုံဝိုင်းများ အပြီးတိုင် သိမ်းဆည်းကြရန်၊ ဆက်လက်လုပ်ကိုင်နေသော ဒိုင်များနှင့် နေအိမ်ပိုင်ရှင်များအား NUG အစိုးရ၏ တရားဥပဒေအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများတွေ့ရှိပါက ယာဥ်ကိုပါ သိမ်းဆည်းအရေးယူမည်ဟု သတိပေးသည်။

သတင်း

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

မကြာသေးမီက အတိုက်အခံတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းနှင့် နိုင်ငံအတွင်း ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် မြန်မာ့အရေးကို လွန်စွာစိုးရိမ် ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။