Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်(ပအဖ) ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဟုမ္မလင်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်(ပအဖ) ကြေညာ
ဟုမ္မလင်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်(ပအဖ) ကြေညာ

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် အလင်းဝင်ကြရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ (စက်တင်ဘာ ၁၂ရက်) အမိန့်ထုတ်ပြန် ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

CDM ပြည်သူ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ အနှောက်အယှက်ပေးခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အလိုကျ ကိုယ်တိုင်ပူးပေါင်း လုပ်ဆောင်နေသော Non CDM ဝန်ထမ်းများအား ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယခုထုတ်ပြန်သည့် အမိန့်သည် စက်တင်ဘာ ၁၂ရက်မှစ၍ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်အလင်းဝင်ရန် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ရှိ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ​(စက်တင်ဘာ ၁၁ ရက်)တွင် Non-CDM များနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် Non-CDM များ CDM ပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးနှိုးဆော်ခဲ့ပြီး ယခုထုတ်ပြန်ချက်ဖြင့် Non-CDM များ အလင်းဝင်ရန် ထပ်မံသတိပေး ဖိတ်ခေါ်ကြောင်း ရေးသားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများလည်း မကြာခဏကြုံနေရသည်။

သတင်း

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

သတင်း

ထွက်ပြေးလာစဉ် ဒဏ်ရာရခဲ့သည့် အဆိုပါတပ်ကြပ်ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ယင်းတပ်ကြပ်၌ လက်နက်ခဲယမ်းများ မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။