Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စားဝတ်နေရေးခက်ခဲနေ၍ ကန့်ဘလူခရိုင် PDF တပ်ရင်မှ ပြည်သူများထံ အကူအညီတောင်းခံ

စစ်ကောင်စီတပ်များသည် သြဂုတ် ၂၃ရက်ကစပြီး ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်များသို့ လေကြောင်းပစ်ခတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးလျှက်ရှိသည်မှာ ယနေ့အထိ ဖြစ်သည်။

စားဝတ်နေရေးခက်ခဲနေ၍ ကန့်ဘလူခရိုင် PDF တပ်ရင်မှ ပြည်သူများထံ အကူအညီတောင်းခံ
စားဝတ်နေရေးခက်ခဲနေ၍ ကန့်ဘလူခရိုင် PDF တပ်ရင်မှ ပြည်သူများထံ အကူအညီတောင်းခံ

မိုးရာသီအခက်အခဲနှင့် သွားလာရေးအခက်အခဲများကြုံနေဟုဆို

ရှေ့တန်းတွင် အောင်ပွဲများဆင်နေသော်လည်း တပ်ဖွဲ့ဝင်များစားဝတ်နေရေးခက်ခဲနေ၍ ထောက်ပံ့ကူညီပေးကြရန် ကန့်ဘလူခရိုင် PDF တပ်ရင်(၂) KB2 က ပြည်သူများထံ အကူအညီတောင်းခံသည်။

“အခုချိန်မှာ အရမ်းခက်ခဲနေတာသိပေမဲ့ မဖြစ်မနေမို့ အကူအညီလေးတောင်းပါရစေ ခင်ဗျ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ ကန့်ဘလူခရိုင်တပ်ရင်း ( ၂ ) KB2သည် NUG အစိုးရ၏ လက်အောက်တွင် တရားဝင်ဖွဲ့စည်းထားသော တပ်ရင်းဖြစ်သလို အလုပ်တကယ်လုပ်သော တပ်ရင်းတစ်ခုလည်းဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် ရဲဘော်များအနေဖြင့် ရှေ့တန်း၌ အောင်ပွဲများရနေသော်လည်း စားဝတ်နေရေးအခက်အခဲ၊ မိုးရာသီအခက်အခဲနှင့် သွားလာရေးအခက်အခဲများ ရင်ဆိုင်နေရသောကြောင့် ပြည်သူချစ်သော စစ်သားများအနေဖြင့် ပြည်သူ့ထံမှ အကူညီများလိုအပ်နေ၍ တတ်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြရန် တောင်းဆိုထားသည်။

စစ်ကောင်စီတပ်များသည် သြဂုတ် ၂၃ရက်ကစပြီး ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်များသို့ လေကြောင်းပစ်ခတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးလျှက်ရှိသည်မှာ ယနေ့အထိ ဖြစ်သည်။

သြဂုတ် ၈ ရက်ကလည်း ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်ခံရမှု လေးကြိမ်ထက်မနည်းရှိခဲ့ပြီး နှောကုန်းကျေးရွာမှ ပြည်သူလေးဦးကိုလည်း ဓားစာခံဖမ်းဆီးခဲ့ရာ (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ခဲ့သည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကန့်ဘလူနယ် ကိုးတောင်ဘို့တိုက်နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

ဆက်သွယ်လှူဒါန်းလိုပါက ၎င်းတို့အဖွဲ့၏ (https://www.facebook.com/102660288948496/ Kb 2 – ကန့်ဘလူခရိုင်တပ်ရင်း ၂) သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။

သတင်း

မောင်ယုသည် စစ်မှုထမ်းဟောင်း ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ယူဖူးခဲ့ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

သတင်း

ကူညီလိုပါက People Defence Force -Htilin (YRPA)၏ဆေးတာ၀န်ခံ သိန်း(၁၀၀)challenge https://www.facebook.com/wai.w.aung.31105674ထံသို့ ပါဝင်ကူညီနိုင်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

စုံစမ်းသိရှိမှုအရ စစ်ကောင်စီတပ်များသည် ၎င်းတို့ပစ်သော လက်နက်ကြီး နှစ်လုံးမှာ ၎င်းတို့အနားပြန်ကျ၍ အထိအခိုက်အများအပြားရှိခဲ့သည်ဟု Tiger King အဖွဲ့က ဆိုသည်။