Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့ ကမ္ဘောဇဘဏ် လုံခြုံရေးအစောင့် ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများဖြစ်ပြီး စစ်ကောင်စီအထိနာအောင် ယခုကဲ့သို့ ပစ်ခတ်သွားသည့်လုပ်ရပ်အတွက် ချီးကျူးကြောင်း မြို့ခံများက ပြောသည်။

(မူဆယ်မြို့ရှိ KBZ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(မူဆယ်မြို့ရှိ KBZ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

▪️ပစ်ခတ်သည့်အဖွဲ့ကို ဒေသခံများ ချီးကျူးနေ

မူဆယ်မြို့ရှိ ကမ္ဘောဇဘဏ်လုံခြုံရေးအစောင့် ပြည်သူ့စစ်အဖွဲ့ကို ကားတစ်စီးဖြင့် လာရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်နှစ်ဦးသေဆုံးသွားသည်။

မူဆယ်မြို့ အဝေးပြေးကားဝင်းအတွင်းရှိ ကမ္ဘောဇဘဏ်တွင် လုံခြုံရေးစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ကို လက်နက်ကိုင်ဆောင်ထားသူနှစ်ဦးက ယနေ့ (စက်တင်ဘာ ၁၃ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် ကားတစ်စီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

“ပြည်သူ့စစ်တစ်ယောက်ပွဲချင်းပြီးတယ်။နောက်တစ်ယောက် ဆေးရုံမှာသေတယ်။ အရပ်သားနှစ်ယောက် ဒဏ်ရာရတယ်လည်းကြားပေမယ့် အတည်မပြုနိုင်ဘူး။ စစ်ကောင်စီတပည့် ပြည်သူ့စစ်ကို ပစ်မှတ်ထားဆော်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများဖြစ်ပြီး စစ်ကောင်စီအထိနာအောင် ယခုကဲ့သို့ ပစ်ခတ်သွားသည့်လုပ်ရပ်အတွက် ချီးကျူးကြောင်း မြို့ခံများက ပြောသည်။

သြဂုတ် ၁ရက်ကလည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး ယနေ့ သေနတ်ဖြင့် ထပ်မံပစ်သတ်ခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကါသူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပျူစောထီးခေါင်းဆောင်ငမိုး ထွက်ပြေးလွတ်မြောက်သွားသော်လည်း ကျန်ပျူစောထီးလေးဦး သေကာ တစ်ဦးဒဏ်ရာရသွားကြောင်း NYSGFက သတင်းထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရှိခဲ့ပြီး တိုက်ပွဲကတော့ ဒီကနေ့ညနေ သုံးနာရီခွဲခန့်မှာ ငြိမ်သက်သွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။