Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် PDF ရဲဘော်နှစ်ဦး မူလတပ်သို့ပြန်လည်ရောက်ရှိ

၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဥ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။

(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)
(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)

တော်လှန်ရေးဆက်လုပ်ရန် အသင့်ဖြစ်နေဟုပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသော PDF ရဲဘော်နှစ်ဦး မူလတပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု 96 Soliders PDF အဖွဲ့က ကိုဇေယျာလွင်က ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည့် ရဲဘော်နှစ်ဦးမှာ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soliders PDF အဖွဲ့ထံ ပြန်လည်ရောက်ရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည် 96 Soliders PDF အဖွဲ့၏ တောင်ပိုင်းတိုင်း ကျားဖြူတပ်ခွဲ (၂)မှ ရဲဘော်နှစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်လကျော်ခန့်က တော်လှန်ရေးကိစ္စတစ်ခုဖြင့် ခရီးထွက်လာစဥ် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီး၌ စစ်ကောင်စီလက်အောက်ခံ ရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း 96 Soliders PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။

“သူတို့စပြီး ထွက်ပြေးလွတ်မြောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို စပြီးဆက်သွယ်ပါတယ်။ ကျွန်တော်တို့က ပခုက္ကူဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့ကို လုံခြုံတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ကဲ့ပြီး ခေါ်ခဲ့ကြတယ်။ နှစ်ယောက်လုံး ကျန်းမာရေးကောင်းတယ်။ ပွန်းပဲ့နည်းနည်းပါးပါးလောက်ပဲရှိတယ်။ ရှေ့ဆက်ပြီးတော့ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆက်ပါဝင်ဖို့ကိုလည်း အာသီသပြင်းပြနေကြတယ်”ဟု ကိုဇေယျာလွင်က ပြောသည်။

၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဥ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။

အဆိုပါ ရဲဘော်နှစ်ဦးနှင့်အတူ စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ သုံးဦးနှင့်အတူ စုစုပေါင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကါသူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။

သတင်း

မောင်ယုသည် စစ်မှုထမ်းဟောင်း ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ယူဖူးခဲ့ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။