Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါင်းနေထောင်တွင် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

ဇွန်လ ၁၉ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၌ ပန်းပန်သည်၊ သနပ်ခါးလိမ်းသည်ဟုဆိုကာ တစ်ညလုံး ခွေးလို အူခိုင်းခဲသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

(အကျဥ်းထောင်များရှိ မတရားဖမ်းဆီးခံရသူများ ဖိနှိပ်ခံနေရမှုနှင့် ရှုတ်ချကြောင်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်က ချီတက်ဆန္ဒပြနေသည်ကို ဧပြီ ၄ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - လက်ပံတောင်းတောင်ဒေသပင်မသပိတ်)
(အကျဥ်းထောင်များရှိ မတရားဖမ်းဆီးခံရသူများ ဖိနှိပ်ခံနေရမှုနှင့် ရှုတ်ချကြောင်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်က ချီတက်ဆန္ဒပြနေသည်ကို ဧပြီ ၄ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - လက်ပံတောင်းတောင်ဒေသပင်မသပိတ်)

မကွေးမြို့ရှိ ဒေါင်းနေအကျဥ်းထောင်တွင် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း အဆိုပါထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ PSO ဦးအောင်ဝင်းနဲ့ အတူ ရေနံချောင်း တက္ကသိုလ်ကျူတာဆရာ လူပေါင်း ၃၀လောက်ဟာ အခု တိုက်ပိက်ခံရတယ်။ သံခြေခြင်းတွေ ခတ်ပြီး ဒေါက်ထည့်ပြီး သူတို့ကို ထားတယ်။ ဒါ ပြီးခဲ့တဲ့ ၆ရက်နေ့လောက်က စပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်”ဟု ထောင်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ နိုင်ငံရေးအကျဉ်းသားများထံမှ ဒိုင်ယာရီစာရွက် တွေ့ရှိသည်ဟု အကြောင်းပြပြီး ၄၅ရက်ကြာ တိုက်ပိတ်သည့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီလို လုပ်လိုက်ခြင်းအတွက် ရေချိုးရတာလည်း အဆင်မပြေဘူး။ အပေါ့အပါးအလေးသွားရတာလည်း အဆင်မပြေဘူး။ မကွေး ဒေါင်းနေထောင်ရဲ့ သုံးပွင့်အရာရှိတစ်ယောက်က နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အတော်လေးကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံပြီးတော့ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီး နိုင့်ထက်ဆီးနင်း ပြုကျင့်နေတယ်ဆိုတာ ကြားရတယ်”ဟု ထောင်နှင့်နီးစပ်သူက ပြောသည်။

ဇွန်လ ၁၉ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၌ ပန်းပန်သည်၊ သနပ်ခါးလိမ်းသည်ဟုဆိုကာ တစ်ညလုံး ခွေးလို အူခိုင်းခဲသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ဒီလိုဖြစ်နေတာကို ICRCလိုအဖွဲ့တွေ AAPPလို နိုင်ငံရေးအကျဉ်းသားတွေ ကူညီထောက်ပံ့တဲ့ အဖွဲ့တွေက ဒီနိုင်ငံရေးအကျဉ်းသားတွေ အခွင့်အရေးဆုံးရှုံးနေတာ ချိုးဖောက်ခံနေရတာတွေ ကို ထဲထဲဝင်ဝင်သိရှိဖို့လိုတယ်” ဟု ထောင်နှင့်နီးစပ်သူက ပြောသည်။

ICRC အနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံပြီး အခက်အခဲများကို မေးမြန်းစေချင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။

သတင်း

ထို့ကြောင့် နိုင်ငံရေးအကျဥ်းသားများအပေါ်စွဲဆိုထားသော ထပ်တိုးအမှုများအတွက် တရားရုံးထုတ်ရာတွင် ကိုအောင်နိုင်သူမှာ ဝှီးချဲဖြင့်ပင် ရုံးထုတ်ခံခဲ့ရသည်ဟုဆို သည်။

သတင်း

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

သတင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်လည်း သာယာဝတီထောင်ကို သြဂုတ်လ ၇ ရက်က ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။