Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထား အများကြီးကို Facebookကနေ ရခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ပြော

Facebookဖက်ကတော့ သူတို့ဟာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တွေကို သတ်မှတ် ဥပဒေတွေနဲ့အညီ လိုလိုလားလား အကူအညီတွေ ပေးနေပြီး ICJနဲ့ ဂမ်ဘီယာ အစိုးရအတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားထားပါတယ်။

လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထား အများကြီးကို Facebookကနေ ရခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ပြော
လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထား အများကြီးကို Facebookကနေ ရခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား အမြောက်အမြားကို Facebookပေါ်ကနေ ရရှိခဲ့ကြောင်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ မှာ ဖွဲ့စည်းပေးခဲ့ပြီး နောက် ၁ နှစ် အကြာမှာ လုပ်ငန်းလည်ပတ်မှုတွေ အစပြုလာခဲ့ပါတယ်။

သူတို့အဖွဲ့ အနေနဲ့ စုံစမ်းရေး လုပ်ငန်းစဉ်အတွက် အသုံးတည့်မယ့် အထောက်အထား သန်းနဲ့ချီပြီး Facebookပေါ်မှာ ရှာတွေ့ခဲ့တယ်လို့ IIMMရဲ့ အကြီးအကဲ နစ်ကိုလက်စ် ကွမ်ဂျီယန်က ပြောပါတယ်။ သူဟာ ဒီလို တွေ့ရှိချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကို ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ မိန့်ခွန်းမှာ ထုတ်နုတ် ပြောပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တာတွေ၊ မတရား ဖိနှိပ်တာတွေ ကျူးလွန်နေကြောင်း ဂမ်ဘီယာ အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ ၂၀၁၇ တုန်းက စွဲချက်တင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုတွေကြောင့် သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Facebookပေါ်မှာ အချိတ်အဆက် ရှိနေတဲ့ အကောင့်ပေါင်းများစွာက အမုန်းစကား ဖြန့်ဝေတာတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုကို အားပေးတာတွေ ရေးသားထားတဲ့ ပို့စ်တွေ သန်းနဲ့ချီ မျှဝေခဲ့ကြပြီး အခုအခါမှာတော့ Facebookက အကောင့်တုတွေလို့ သတ်မှတ် ပယ်ဖျက်လိုက်တာ တွေ့ရကြောင်း ကွမ်ဂျီယန်က ဆိုပါတယ်။ Facebookဟာ အရင်ကလည်း မြန်မာနိုင်ငံမှာ အမုန်းစကား ဖြန့်ဝေမှုတွေကို ထိထိရောက်ရောက် ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

Facebookဖက်ကတော့ သူတို့ဟာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တွေကို သတ်မှတ် ဥပဒေတွေနဲ့အညီ လိုလိုလားလား အကူအညီတွေ ပေးနေပြီး ICJနဲ့ ဂမ်ဘီယာ အစိုးရအတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားထားပါတယ်။

လောလောဆယ်တော့ IIMMဟာ Facebookပေါ်က ရရှိထားတဲ့ အချက်အလက်တွေကို သီးသန့်ဖိုင် ၆၇ ခု ခွဲခြား ပြုစုထားပြီး ICJ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)တို့ အပါအဝင် တရားရေး အဖွဲ့အစည်းတွေဆီ မျှဝေပေးသွားမယ်လို့ ကွမ်ဂျီယန်က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံအနောက်ဖျား ဒေသတွေမှာ နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်ပြီး ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းခဲ့သလို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ကုလသမဂ္ဂက လူဦးရေရဲ့ လေးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၁၄.၄ သန်းလောက်ဟာ ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

သတင်း

ယနေ့မှစကာ ဦးကျော်မိုးထွန်းကို တရားဝင်လက်ခံကြောင်း ဆုံးဖြတ်မည့် ကာလအထိ ၂ လခွဲ ၃ လခန့်အထိ လူထုအသံများကို ဖော်ထုတ်ရန်လိုအပ်ကြောင်း ကိုတေဇာဆန်းက ထပ်မံ ပြောကြားသည်။

သတင်း

စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီးလည်းဖြစ်သည်။

သတင်း

နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် ထပ်တလဲလဲ ပျက် ကွက်နေပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်သည်လည်း အားလုံးသ တိပေးနေသည့်ကြားမှပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း Progressive Voice က ဖော်ပြသည်။