Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် စစ်ကောင်စီအရာရှိများ ဂေါက်ရိုက်နေသည်ကိုရုပ်သံရိုက်ကူးစဥ် ဗုံးပစ်ခံရ

ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ထိုတိုက်ခိုက်မှုကို Monywa Fright Group၊ Monywa Ninja Team၊ Nation People Defence Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

(ယခင်က Monywa Golf Club တွင် ဂေါက်ရိုက်နေကြသည့် အရာရှိများအား တွေ့ရစဥ်။ဓာတ်ပုံ-Monywa Golf Club/ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ယခင်က Monywa Golf Club တွင် ဂေါက်ရိုက်နေကြသည့် အရာရှိများအား တွေ့ရစဥ်။ဓာတ်ပုံ-Monywa Golf Club/ ပုံအဟောင်းကို အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီအရာရှိများ ဂေါက်ရိုက်သည်ကို ရုပ်သံရိုက်ကူးနေစဥ် လက်ပစ်​ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအကြီးအကဲများ လာရောက်ဂေါက်ရိုက်လေ့ရှိသည့် Monywa Golf Club ကွင်း၌ ယနေ့(စက်တင်ဘာလ ၁၃ ရက်) ဂေါက်လာရိုက်သည့် စစ်ကောင်စီအကြီးအကဲများအား ရုပ်သံလာရောက်ရိုက်ကူးခဲ့ကြောင်း၊ ထိုသို့ဂေါက်ရိုက်သည့်အဖွဲ့နှင့်ရိုက်ကူးသည့်အဖွဲ့ကြား လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သ​ည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“MRTVလား MWDလားမသိ။ ကင်မရာကြီးတစ်ထောင်ထောင် လုပ်နေသောအဖွဲ့နှင့် ဂေါက်လာရိုက်သော ​ွေးအကြီးများ အဖွဲ့နှစ်ဖွဲ့ကြား ရှယ်နာနတ်သီးတစ်လုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ …ကင်မရာတစ်လုံးတောင် ပစ်ပြီးပြေးတာ။ ပြန်တောင်မကောက်ရဲရှာဘူးတဲ့ဗျာ။”ဟု MRDA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MRDA တာဝန်ရှိသူက “ခု Mission(စစ်ဆင်ရေး)က ချိန်နေခဲ့တာကြာပါပြီခင်ဗျာ။ ခုလို တစ်ဖက်မှာဖိတော့ တစ်ဖက်မှာ ကြွရမယ့်အချိန်နဲ့ ကိုက်​ညီပြီး ွေးတွေဘက်ကလည်းသူတို့ Show တစ်ခု ပြသဖို့ ကွက်တိကြတာနဲ့ အကောင်ထည်ဖော်ဖြစ်ခဲ့တာပါ”ဟု ပြောသည်။

ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ထိုတိုက်ခိုက်မှုကို Monywa Fright Group၊ Monywa Ninja Team၊ Nation People Defence Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်"လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

သတင်း

တိုက်ပွဲဖြစ်စဥ်အရ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ညီညွတ်သောရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်များဘက်မှ ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာ

ရုရှားတပ်တွေက လပေါင်း အတော်ကြာ ကြိုးကြိုးစားစား တိုက်ခိုက် သိမ်းယူထားရတဲ့ နယ်မြေတွေကို ယူကရိန်းက တစ်ပတ်လောက် အတွင်းမှာတင် ပြန်လည် ရယူသွားတဲ့ အခြေအနေတွေကြောင့် ပူတင် ထောက်ခံသူတွေ ကိုယ်တိုင်ပါ ရုရှားစစ်တပ်ရဲ့ အရည်အသွေးအပေါ် မေးခွန်းထုတ်လာကြပါတယ်။