Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီတာမဆောင်လို့ မန္တလေးမှာ ကျေးရွာအချို့ ရွာလုံးကျွတ်မီးဖြတ်ခံရ

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမန္တလေးမှာ မီးဖြတ်ဖို့ လုံခြုံရေးလိုက်ပါနေတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်
ပြီးခဲ့တဲ့ နှစ်အတွင်းမန္တလေးမှာ မီးဖြတ်ဖို့ လုံခြုံရေးလိုက်ပါနေတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးရွာအချို့ကို မီတာခမဆောင်လို့ စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးဖြတ်ထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

ရွာကိုမီးပေးတဲ့ ထရန်စဖော်မာကနေ မီးဖြတ်လိုက်တာဖြစ်ပြီး မီးဖြတ်ခံရတာဟာ တပတ်လောက်ရှိနေပြီလို့ ဒေသခံတွေပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ စစ်အုပ်စု အခွန်ဝင်ငွေမရဖို့အတွက် လူထုဟာ မီတာမဆောင်ဘဲ အာဏာဖီဆန်ခဲ့ကြပါတယ်။

ဒီအပေါ်ကို စစ်အုပ်စုက မီးဖြတ်တဲ့နည်းနဲ့ တုံ့ပြန်တာဖြစ်ပါတယ်။ မန္တလေးမြို့ပေါ်က မြို့နယ်တွေမှာ မီးဖြတ်ရာမှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပေးခဲ့တာရှိခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်"လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

သတင်း

ပြည်သူများ၏ပါဝင်မှုက စစ်ကို အမြန်ဆုံးနိုင်ချင်ပြီဆိုသည့် အတွေးဝင်လာရကြောင်း ထန်တလန် CDF တပ်ရင်း(၄)မှ ဆလိုင်း၏ ရေးသားချက်ကို ဖော်ပြခဲ့သည်။

သတင်း

ပုလဲမြို့နယ်မှ လှော်ကားနှင့် တနယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်က အကြမ်းဖက်ဝင်ရောက်ကာ ဒေသခံများ၏နေအိမ်များကို မွှေနှောက်လုယက်နေသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

သံပြားကာကားကို အနီးရှိ ဓာတ်ဆီဆိုင်အနီးတွင်ရပ်နားပြီး သေဆုံးဒဏ်ရာရသူများကို ချောင်းဦးပြည်သူ့အားကစားကွင်းအတွင်းသို့ Canter ကားဖြင့် နှစ်ခေါက်တင်ဆောင်သွားခဲ့သည်ဟု ချောင်းဦး PDFက ဆိုသည်။