Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုက ပြည်နယ်နှင့်တိုင်း (၁၃)ခုရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ဟု NUG ထုတ်ပြန်

အလားတူ တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်း ရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရပညာရေးဝန်ကြီးဌာနက ဖော်ပြသည်။

(ကလေးမြို့ အမှတ် (၈)အခြေခံပညာအထက်တန်းကျောင်းကို စစ်အုပ်စုက ယခုနှစ်မေလတွင် ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(ကလေးမြို့ အမှတ် (၈)အခြေခံပညာအထက်တန်းကျောင်းကို စစ်အုပ်စုက ယခုနှစ်မေလတွင် ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)

▪️ကျောင်းများတွင် တပ်စွဲခြင်း၊ လက်နက်သိုလှောင်ခြင်းနှင့် အချုပ်ခန်းအဖြစ်အသုံးပြုခြင်းများရှိခဲ့

စစ်အုပ်စုနှင့် ၎င်း​၏လက်နက်ကိုင်များက ပြည်နယ်နှင့်တိုင်း (၁၃)ခုမှ စာသင်ကျောင်းများအား တိုက်ခိုက်မှုအကြိမ်ရေ ၁၉၀ကျော်ရှိခဲ့ကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Global Coalition to Protect Education from Attack (GCPEA)မှ ပြုစုသော “မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ”စပ်လျဥ်းသည့် အစီ ရင်ခံစာအား Save The Children က စက်တင်ဘာ ၉ ရက်တွင် ဖော်ပြခဲ့ခြင်းကိုကိုးကားပြီး ဝန်ကြီးဌာနက အထက်ပါအတိုင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(ကလေးမြို့ အမှတ် (၈)အခြေခံပညာအထက်တန်းကျောင်းကို စစ်အုပ်စုက ယခုနှစ်မေလတွင် ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(ကလေးမြို့ အမှတ် (၈)အခြေခံပညာအထက်တန်းကျောင်းကို စစ်အုပ်စုက ယခုနှစ်မေလတွင် ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ – CJ)

“စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် တက္ကသိုလ်များနှင့် စာသင် ကျောင်းများကို စစ်ရေးအတွက်အသုံးချခြင်းမှ ရှောင်ကြဥ်ကြရန် တိုက် တွန်းထားသည်”ဟု အစီရင်ခံစာ၌ တိုက်တွန်းထားချက်ကို ဝန်ကြီးဌာက ဖော်ပြသည်။

အစီရင်ခံစာပါဖော်ပြချက်အရ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများ၏ ပညာရေးဆိုင် ရာ အခွင့်အရေး (Right to Education)ကို ဖြည့်ဆည်းပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီး ကြားကာလပညာ ရေးအစီအမံများ၊ စစ်သည်တော်ကျင့်ဝတ်များကို တင်း ကျပ်စွာ လေးစားလိုက်နာကြရန် ဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် တွေ့ရှိနိုင်သည်ဟု ဆိုသည်။

ထို့အပြင် စစ်သည်တော်ကျင့်ဝတ်များတွင်ပါရှိသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုနှင့် ပတ်သက်သည့်အပိုင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိကြောင်း အစီရင်ခံစာတွင်ထည့်သွင်းထားသည်။

အလားတူ တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်း ရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရပညာရေးဝန်ကြီးဌာနက ဖော်ပြသည်။

အစီရင်ခံစာတွင် ဖော်ပြသည့် အကြံပြုချက်များတွင် ကျူးလွန်သူများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာ တရားစီရင်ရေးစနစ်များတွင် အပြစ်ပေးအရေးယူနိုင်ရန် ဖော်ပြထားသည်ကို တွေ့ရှိရပြီး NUG အစိုးရအနေဖြင့်လည်း ၂၀၂၁ သြဂုတ် ၂၀ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းထားခဲ့ပြီး ဖြစ်သည်ဟုဆို သည်။

ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အခြေအနေ၏ လေးနက်မှုကို ဂရုပြုလျက် အလွယ်တကူ ကောက်ချက်ဆွဲခြင်းကို ရှောင်ရှားရန် လိုအပ် ပြီး နိုင်ငံတကာအဖွဲ့အ စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဆိုင်ရာ ဖော်ဆောင်မှုများနှင့် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများမှတဆင့် တရားမျှတမှုဖော်ဆောင်မှုများကို ပံ့ပိုးအားပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ခုခံ​တော်လှန်စစ်​ကြေညာပြီးတစ်နှစ်အတွင်း စစ်​ကောင်စီတပ်မှ ၂၅၀၀၀ ​ကျော်​သေဆုံး​ပြီး ၈၂၀၀ ​​ကျော်ဒဏ်ရာရရှိခဲ့သည်ဟုNUG ပြည်ထဲ​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

သတင်း

မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အနီးကပ် စောင့်ကာတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

သတင်း

တော်လှန်ရေးအတွက် တစ်ရက်ဆိုသည့် အချိန်သည်လည်း ကြသည်ဟုထင်ရ၍ အချိန်နှင့်တပြေးညီ အလုပ်လုပ်ရင်း နွေဦးတော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

သတင်း

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများဖြစ်ပြီး စစ်ကောင်စီအထိနာအောင် ယခုကဲ့သို့ ပစ်ခတ်သွားသည့်လုပ်ရပ်အတွက် ချီးကျူးကြောင်း မြို့ခံများက ပြောသည်။