Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့အဝိုင်းပတ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားသုံးဦးတိုက်ခိုက်ခံရပြီး သုံးဦးလုံးသေ

ပြီးခဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းကလည်း ထိုဇလုပ်အဝိုင်းပတ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်ဆွဲထားသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် လက်လုပ်အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့သေးသည်။

(မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် တွေ့ရသော စစ်ကောင်စီလက်အောက်ခံ ရဲများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် တွေ့ရသော စစ်ကောင်စီလက်အောက်ခံ ရဲများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မုံရွာမြို့ စီးပွားရေးကတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံးသေဆုံးသွားကြောင်း Black Dragon Special Task Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်) ည၁၀ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်နားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား ညီနောင်မဟာမိတ် (၂)ဖွဲ့ မှ လက်နက်ငယ်များဖြင့် ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံး သေဆုံးခဲ့ကြောင်း Black Dragon Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အနီးရှိ စစ်ကောင်စီတပ်သားများက တပ်ကူရောက်လာကာ လက်နက်ငယ်များ၊ (၄၀)မမ ၊(၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် လက်နက်ရရှိမည့်အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူ့ ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Dragon Special Task Force အဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Black Dragon အဖွဲ့ တာဝန်ရှိသူက “ဒီကောင်တွေ ကင်းပုန်းဝပ်တယ်လို့ သတင်းရလို့ ဝင်ရောက်ပစ်ခတ်တာပါဗျ။ကျွန်တော်တို့ပစ်ပြီးတာနဲ့ တောက်လျှောက်တန်းပစ်တော့တာပါပဲ။ သူတို့ပြန်ပစ်တာ ၁၅မိနစ်လောက်ရှိတယ်။ (၄၀)မမရော (၆၀)မမ ရော လက်နက်ငယ်တွေရော ပြန်ပစ်တာပါ။”ဟု ပြောကြားသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။အဆိုပါ စစ်ဆင်ရေးအား Black Dragon Special Task Forceအဖွဲ့နှင့် God Of Monywa People Defense Forceတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

ပြီးခဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းကလည်း ထိုဇလုပ်အဝိုင်းပတ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်ဆွဲထားသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် လက်လုပ်အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

သတင်း

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျောက်ထု PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။