Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းပင်ကြီးလမ်း ပစ်ခတ်ဖမ်းဆီးခံရမှုတွင် အလုပ်သမားအဖွဲ့ချုပ်ဝင် ငါးဦးပါဝင်

CTUM အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)
(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)

အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာရှုတ်ချ

NUG အစိုးရနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင် ငါးဦးပါဝင်ခဲ့ကြောင်း အဆိုပါ အဖွဲ့ကထုတ်ပြန်သည်။

CTUM အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးခံရသူ ၁၅ဦးအနက် အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင်များဖြစ်သည်ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- BWFM မှ ဦးနေမင်းထွန်း၊ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-IWFM မှ ဒေါ်ဇူးဇူးရာခိုင်နှင့် ဒေါ်ယမင်းကေသွယ်ခိုင်၊ ဦးသန်းဇော် (ယာဉ်မောင်း)တို့ဖြစ်ကြောင်း CTUM ထုတ်ပြန်ချက်က ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စု၏ မတရားသဖြင့် အာဏာရယူမှုကို လက်မခံဘဲ ဆန်ကျင်တိုက်ပွဲဝင်သည့် အဖွဲ့ဝင်များကို ယခုကဲ့သို့သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးနှိပ်စက်ခြင်းအ တွက် အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်”ဟု ဖော်ပြသည်။

ယမန်နေ့(စက်တင်ဘာ ၁၃ ရက်) ညနေ ၄နာရီခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း)တွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ “UN Prove Your Existence For Justice” စာသားကိုကိုင်ဆွဲကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ ပြည်သူ့အစိုးရကိုယ် စားပြုဖြစ် ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် ကုလကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျဆုံးခဲ့သည့် ခြောက်ဦးတွင် PDF ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦးပါဝင်သည်ဟုဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် အထက်ကြည့်မြင်တိုင်လမ်း၊ ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းတို့တွင် စစ်ကား၊ ရဲကားများ လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ် စဉ့်ကိုင် (တောင်)ရွာရှိ ဆရာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။